Part 9

423 22 0
                                    


သူမနှာခေါင်းထဲသို့ ဝင်လာသော ပိုးသတ်ဆေးအနံ့ကြောင့် သူမ သတိထားမိသည့်ပထမအချက်မှာ သူမဆေးရုံရောက်နေပြီဖြစ်သည်။

ထို့အပြင် တစ်စုံတစ်ယောက်ကပါ သူမကို တွေ့သွားသည်ထင်သည်။ မည်သူဖြစ်မလဲ။

သူမ မျက်လုံးများကို အားယူဖွင့်လိုက်၏။

"အစ်မ နိုးလာပြီလား ဘယ်လိုနေသေးလဲဟင် နာနေသေးလား "

"သေမတတ်ပါပဲ "
"ဟင် ဆေးထိုးထားပေးတယ် ဆိုပဲ မသက်သာဘူးလား "
"မဟုတ်ဘူး ငါ့ရဲ့အနာက ဆေးထိုးရုံနဲ့မပျောက်ဘူး "

သူမ လှဲနေရာမှ ထထိုင်လိုက်၏။

"အစ်မ မသက်သာသေးဘူးလေ လှဲနေပါ"

"နေပါစေ ရှင်းဟွာ ငါဘာမှမဖြစ်ဘူး "
"အနာကမကျက်သေးဘူး ပိုးဝင်လိမ့်မယ် "

လောလောလတ်လတ်ချုပ်ထားသောတံတောင်ဆစ်အောက်ပိုင်းမှ ဒဏ်ရာသည် သူမမည်သည့်အချိန်က ဖန်တီးလိုက်သည့်ဒဏ်ရာဖြစ်သည်ကို မသိတော့ပါ။

"ရှင်းဟွာ ငါဘာလို့ ဒီကိုရောက်နေတာလဲ "

သူမမျက်နှာညိုးသွားသည်။

"အစ်မရဲ့အကြောင်းလူတိုင်ပြောနေကြတယ်လေ အိမ်ကအစေခံတွေတောင်ပြောနေကြတာ လူတွေအကြောင်းသိတဲ့အတိုင်းပဲပော့ နည်းနည်းဆို များများလုပ်ခြင်ကြတာလေ အဲ့တာကြောင့်စိတ်ပူလို့လာကြည့်တာ "

သူမ နှင့် ရှင်းဟွာသည် ယီမင်ကောလိပ်တွင် ရင်းနှီးခဲ့ကြသူဖြစ်ပြီး သူမကတော့ အမျိုးသားကျောင်းတွင်ဆရာမဝင်လုပ်၍ ရှင်းဟွာက တော့ အိမ်ကသဘောတူသည့်
ဗိုလ်မှူး ဝူကျူလန်းဖြင့်လက်ထပ်လိုက်သည်။(အဲ့အချိန်က ဗိုလ်မှူးပေါ့ အခုတော့စစ်ဗိုလ်ချုပ်ပေါ့)

"ငါပြန်မယ် "
"နေမကောင်းရင် လူနာကို ပြန်ခွင့်မပေးပါဘူး "

ထိုအသံကိုသူမသိသည်။ နှစ်ပေါင်းများစွာကတည်းက သူမကိုမုန်းတီးနေခဲ့သည့် တစ်ယောက်သောသူ၏ အသံ။

သူမသည် အသားရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆရာဝန်၏ ကုတ်အဖြူကို အပေါ်မှ ထပ်ဝတ်ထားသည်။

သူမသည် မင်ချိုင်ယွဲ့ပေတည်း။
သို့သော် ချိုင်ယွဲ့သည်သူမကို မမှတ်မိပါ။

ဓားသွားထက်ကဖူးစာWhere stories live. Discover now