Part 5

297 19 0
                                    

သူပြောသွားခဲ့သည့် ခနဆိုသော အချိန်သည် နောက်ထပ်ဆောင်းဦးပေါက်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

အခန်းအပြင်မထွက်ဘဲ မည်သည်နှင့်မှမတွေ့ဘဲနေ၏။

မဟုတ်သေး ။ သူမအား မည်သူကမှ လာမတွေ့ခြင်းသာဖြစ်သည်။
ရှင်းဟွာက အစာလာပို့ ဆေးတိုက်ရုံကလွဲ၍ သူမဆီသို့မလာပါ။

လာချိန်တွင်လည်းစကား စမြည် ပြောဖော်ပင်မရပါ။
ညတိုင်းအချိန်မှန်မှန်ပင် ချိုင်ယွဲ့၏ အော်ဆဲနေသံကိုပင်မကြားရတော့ပါ။

မှော်ရုံတောမှာ ပုံမှန်ထက်ပို၍ တိတ်ဆိတ်ကာ ပုံမှန်ထက်အဆပေါင်းများစွာ အထီးကျန်လျက်ရှိသည်။

ဒဏ်ရာတစ်ချို့မှာ ရှင်းဟွာတိုက်သောဆေးကြောင့်ပျောက်ကင်းသွားသော်လည်း နာမ်ဝိဉာဏ် ထိခိုက်မှုက မပျောက်ကင်းသေးပါ။

သူမ အမြဲလိုလို နာကျင်ကိုက်ခဲနေပြီး သေလုမတတ်ခံစားနေရ၏။အခန်းတွင်း၌သာလှောင်ပိတ်နေခဲ့ပြီး အပြင်သို့လည်းမထွက်ဖြစ်ခဲ့ပါ။

"အစ်မ၂....."

ထိုအသံသည် ရှင်းဟွာ၏ အသံဖြစ်သည်။ အသံသည် အရင်ကဲ့သို့ သွက်လက်နေခြင်းမျိုးမဟုတ်ပဲ တိုးဖျနေ၏။

"အင်း ဘာဖြစ်လို့လဲ"

ရှင်းဟွာသည် တည်ငြိမ်နေ၏။

"ယွီဝင်ရုံ လာတယ်အစ်မ၂ အစ်မကိုလာခေါ်တာတဲ့ နတ်ရေကန်မှာစောင့်နေတယ်"

"ဟုတ်လား"

သူမမျက်လုံးများလင်းလက်သွားသည်။ ထိုင်နေရာမှထကာ အခန်းအပြင်သို့ခြေလှမ်းလိုက်၏။

"အစ်မမေရှန်းကပြောတယ် အစ်မ၂ သာ ယွီဝင်ရုံနဲ့လိုက်သွားရင် တစ်သက်လုံးပြန်လာစရာမလိုတော့ဘူးတဲ့ အစ်မရဲ့အမြုတေရှိနေပေမယ့် မိစ္ဆာဓာတ်မရှိတော့လို့ အစ်မဟာ သာမာန်လူလိုပဲ အားနည်းနေမယ် ပြီးတော့ အမြဲလိုလို နာဖျားလွယ်လိမ့်မယ်တဲ့ တစ်ကယ်ပဲ ညီမတို့ကိုစွန့်လွှတ်မလို့လား "

သူမရှင်းဟွာကိုအားနာပါသည်။ မည်ကဲ့သို့တောင်းပန်ရမည်လဲ သူမမသိပါ။သက်ပြင်းကိုချကာ ရှင်းဟွာကိုစေ့စေ့ကြည့်လိုက်သည်။

ဓားသွားထက်ကဖူးစာWhere stories live. Discover now