Part 1

4K 62 4
                                    

နွေဦးရောက်ခဲ့လေပြီ။ တဖန်နေ့တာရှည်၍ ညတာတိုဦးတော့မည်။
မည်သို့ပင်ရာသီ ပြောင်းစေကာမူ ရင်ဘတ်ထဲ သိမ်ဆည်း သိုဝှက်ထားသော ထိုအရာများက နက်နဲလှပြီ။ ထို့နောက် ထိုက်သင့်သလောက်နာကျင်ခဲ့ပြီး၏။

မည်မျှထိ ပေးဆပ်ကာ အသက်ရှင် ကျန်ရစ်ရပါမည်နည်း။
ကြေးမုံထက်ရှိပုံရိပ်များက မည်သို့ပင်ကြည်လင်အောင်ပြုလုပ်စေကာမူ မှုန်ဝါးနေဆဲပါ။

အသက်ကိုမသေရုံတမယ်ရှူပြီး နောက်ထပ်မနာကျင်ရစေရန် ....။ မဟုတ်ဘူး။ နောက်ထပ် နာကျင်စေရန် အစာထပ်စားရ၏။ မည်မျှပင်ပန်းဆင်းရဲရပါသနည်း။

အချိန်သည် ၁၀စုနှစ်တစ်ခုပြောင်းသွားသည်တိုင် သူမ ထားရှိသော သဘောတရားများက သူ့အပေါ်မပြောင်းလဲသွားခဲ့ပါ။

ထိုနည်းတူစွာပင် သူ၏ သဘောထားများသည်လည်း သူမအပေါ်မပြောင်းလဲပါ။

မည်သည့်အကြောင်းအရာက နာကျင်စေပါသနည်း။
သေချာသည်က သူမကသူ့အပေါ်မပြောင်းလဲဘဲ ချစ်ခင်မြတ်နိုးနေသည့်တိုင် သူကတော့ သူမအပေါ် မည်သို့သော အခါမှ ချစ်ခင်လာမည်မဟုတ်။

ထိုသို့သော အချက်ကသာ သူမ ကို သေစေလောက်အောင်နာကျင်စေသည်။

သူ့ကိုချစ်ခဲ့မိသည့်အတွက် မည်မျှသော အသက်တွေပေးဆပ်ခဲ့ရပါသည်လဲ။

မျိုးနွယ်စု များ၏ အသက်၊ အပြစ်မဲ့ကလေးများ၏ အသက် ၊ ထို့နောက် သူမ၏ ညီမအရင်းအခြာများ၏အသက်။

သူမ မျက်နှာတွင် နုပျိုခြင်းများစွာရှိနေ၏။
သို့သော် သူမ၏ အသက်မှာ ထောင်ချီနေပြီမှာသေချာပါသည်။
ခက်သည်က ဘယ်နှစ်ထောင်မှန်းမသိတော့ပါ။
၁ထောင်လား?၂ထောင်လား?
ဒါမှမဟုတ် ၁သောင်းလား?

ခပ်ရေးရေးပြုံးပြီးနောက် ကြေးမုံမှန်အား တစ်ချက်ပြန်ကြည့်လိုက်၏။

မဆိုးပါဘူး။
ပြည်တွင်းဖြစ်ဟု ဆိုရလောက်သည့် အလှပြင် ပစ္စည်းများသုံးထားရသည်။
ပြင်သစ်ဟူသော ထိုနိုင်ငံမှလာသည့် အကောင်းစားရေမွှေးကို ဆွတ်ပြီးနောက် သူမထံတွင် ခစားကြမည့် ယောက်ျားများတန်းစီနေမည်မှာ အသေအချာပင်။

ဓားသွားထက်ကဖူးစာWhere stories live. Discover now