"အခန်းကဏ္ဍ?" နောက်ပိုင်းတွင် လုကုသည် အခန်းကဏ္ဍအများကြီး ဖြစ်လာနေသည်ကို လင်ထန်းထန်းမျှော်လင့်မထားမိပေ "ငါအပေါ်ထပ်ကို အနားယူဖို့ သွားလိုက်ဦးမယ်"

"ဟုတ်ကဲ့ ပထမသခင်မလေး။ ညစာအဆင်သင့်ဖြစ်တဲ့အချိန်ကျရင် ကျွန်မတို့ လာအသိပေးပါ့မယ်"

လင်ထန်းထန်း အဝေးသို့လျှောက်သွားသည်ကို ကြည့်နေရင်း အစေခံသည် သူမအား မနာလိုအားကျမှုတို့ဖြင့် ကြည့်လိုက်၏။ သူမ,မနေနိုင်ဘဲ သူမဘေးက အစေခံကို ပြောလိုက်သည် "ပထမသခင်မလေးက လှလိုက်တာဟယ်။ သူ(မ) စောစောက ငါ့ကိုကြည့်နေတုန်းကဆို ငါ့မှာအသက်ရှူဖို့တောင် မေ့ပါတယ်ဆို"

"သိပါ့ ငါလည်း ပထမသခင်မလေး ငါ့ကိုပထမဆုံး ပြုံးပြလိုက်တဲ့အချိန်တုန်းက အံ့ဩသွားတာပဲ"

သူတို့ဘေးက အစေခံသည်လည်း သူတို့၏စကားကို ထောက်ခံလေသည် "ဒါပေမယ့် ပထမသခင်မလေးရဲ့ အသားအရေကပိုဖွေးလာပြီး အသွင်အပြင်ကလည်း ပိုနူးညံ့လာတာကို နင်တို့ သတိထားမိကြလား? သူ(မ)ရဲ့ခန္ဓာကိုယ်တောင်မှပဲ ပိုပြီးတော့ ပြည့်လာတယ်လေ။ သူ့(မ)ပုံက ဒုတိယသခင်မလေး မိသားစုထဲကို ပထမဆုံး လက်ထပ်ဝင်လာတဲ့အချိန်ကနဲ့ ပိုပိုပြီး တူလာတယ်လေ?"

"ပထမသခင်မလေးနဲ့ ဒုတိယသခင်မလေးက ဝမ်းကွဲတွေပဲဟာ။ သူတို့နှစ်ယောက်တူတာ အဓိပ္ပါယ်ရှိတယ်လေ။ ပထမသခင်မလေးက ပထမသခင်လေးကို လက်ထပ်ထားတယ်။ ဒီတော့ နေ့တိုင်းပျော်ရွှင်နေရပြီး ပိုပိုလှလာတော့တာပေါ့။ တခြားတစ်ဖက်က ဒုတိယသခင်မလေးကတော့ ဒုတိယသခင်လေးကို လက်ထပ်ထားပြီး နေ့ရောညပါ ထိုင်းမှိုင်းနေရတာလေ။ သူ(မ)က စိတ်ထားလည်း မကောင်းမှတော့ ပိုပိုပြီး သာမန်ဆန်လာပြီပေါ့ဟယ်"

"နင်ပြောတာ တစ်ကယ်ကို မှန်တာပဲ...."

ညစာစားရန်အချိန် ရောက်လာသည့်အခါ နဉ့်ကျီသည် လုကုကိုအဖော်ပြုကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

နောက်ဆုံးတွင် သူမ စာအုပ်၏အမျိုးသမီးဇာတ်ဆောင် လင်ထန်းထန်းကို မြင်ရလေပြီ။

သူမသည် အပြုံးတစ်ခုဖြင့် သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သိမ်မွေ့သော အပြုအမူနှင့် လှပကာ ဆွဲဆောင်မှုရှိလေသည်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now