Chapter-51 မိုဘူကွေ့

Start from the beginning
                                    

".... မဟုတ်ဘူး" ယွမ်ချိုးချိုး၏စကားများကို ကြားလိုက်ရသောအခါ ချင်းရူရီ သတိလက်လွတ် အော်လိုက်မိ၏။ သွေးရောင်မဲ့နေသည့် နှုတ်ခမ်းတို့သည် တုန်ရီနေပြီး ကြောက်ရွံမှုနှင့် တုန်လှုပ်မှုတို့ကြောင့် ခေါင်းကိုငိုက်စိုက်ချထားလျက် သူမ၏အညိုဖျော့ဖျော့ မျက်လုံးများသည်ပင် မျှော်လင့်တကြီးဖြစ်နေလေ၏ "... အန္တရာယ်မရှိပါဘူး ၊ ငါက .... အန္တရာယ်မရှိပါဘူး"

ယွမ်ချိုးချိုး အံ့ဩစွာ အနောက်သို့ ပြန်ကြည့်လိုက်၏။ ထိတ်လန့်မှု နိုးကြားမှုတို့နှင့်အတူ ကြည့်လိုက်ရင်း အစောလေးကတင် သတ်ဖြတ်လိုသောစွမ်းအင်တို့ ပြည့်နေခဲ့‌သည့် မကောင်းဆိုးဝါးသည် ရုတ်တရတ် ထိတ်လန့်တုန်လှုပ်နေသည်ကို မြင်လိုက်ရလေ၏။

ချင်းရူရီ၏မျက်လုံးများသည် မျက်ရည်စများဖြင့် ပြည့်နေ၏။ သူမသည် အမှားလုပ်မိထားကာ ကူကယ်ရာမဲ့နေသည့် ကလေးငယ်တစ်ဦးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကာ မိုးမခသစ်ကိုင်းများအားလုံးကို ပြန်သိမ်းချင်နေခဲ့၏။ သို့သော်လည်း သူမသည် ဆောက်တည်ရာမရပျာယာခတ်နေလေသောကြောင့် မူလက အထုံးအဖွဲ့များကဲ့သို့ ဝှေ့ယမ်းနေသည့် မိုးမခသစ်ကိုင်းများအားလုံးသည် သူမ၏ထိန်းချုပ်မှုမှ လွတ်ထွက်သွားသကဲ့သို့ ပြန့်ကားထွက်ကုန်တော့၏။

ယွမ်ချိုးချိုး အလွန်အံ့ဩသွားသော်လည်း ထိုအကြောင်းအားစဉ်းစားရန် အချိန်မရှိပေ။ သူမ မိုယွီနှင့် အလေးအနက်ဖြစ်နေသည့်မျက်နှာနှင့် ဘိုးဘိုးမို၏အနားသို့ ပြေးသွားလိုက်၏။

ကျောက်ပုဆိန်တစ်ချောင်းကို လက်ထဲတွင်ကိုင်ထားပြီး အညိုဖျော့ဖျော့တိရစ္ဆာန်အရေခွံကုတ်ကို ဝတ်ဆင်ထားသည့် မိုယွီ၏‌ဘေးရှိအမျိုးသားအားကြည့်လိုက်ရင်း ယွမ်ချိုးချိုး အနည်းငယ်ရှုပ်ထွေးသွားမိတော့၏။

ဘိုးဘိုးမိုသည် သူ၏လက်ထဲတွင် ကျောက်ပုဆိန်ကို အချိန်အတော်ကြာအောင် ဆုပ်ကိုင်ထားပြီး သူ၏အနက်ရောင်-ငွေရောင် ခပ်တိုတိုဆံပင်များသည် လေကြောင့် ရှုပ်ထွေးစွာလွင့်နေ၏။ အရေတွန့်နေဆဲဖြစ်သော်လည်း အများကြီးမရှိတော့ ၊ သူ၏အသံသည် သိမ်မွေ့နေဆဲပင် "အန္တရာယ်ကဘယ်မှာလဲ? ဘိုးဘိုးကအခု သန်မာလာပြီမို့ ဝံပုလွေပေါက်တွေကိုတော့ ရိုက်နှက်နိုင်တုန်းပါပဲ" 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now