Special Chapter: C × Jay 1

Start from the beginning
                                    

သူ့ရဲ့မိဘတွေက စီးပွားရေးကြောင့် လက်ထပ်ခဲ့ကြတာ... ကလေးယူခဲ့တယ်ဆိုတာကလည်း စီးပွားရေးကြောင့်ပဲ... ပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာက အဲ့ကလေးရဲ့နာမည်က Cတဲ့...

'ကျွန်တော် လမ်းလျောက်ထွက်လိုက်ဦးမယ်'

Lisaက ဘာမှမပြောဘဲ မှန်ကိုပဲ စိုက်ကြည့်နေတာ... သူ့ကို လုံးဝဂရုမစိုက်... ထိုကောင်လေးကတော့ ဗလာဖြစ်နေတဲ့ခံစားချက်တွေနဲ့အတူ ထိုအိမ်ထဲက ထွက်လာခဲ့လိုက်သည်။ ဒီလိုဖြစ်တာက အမြဲတမ်းလိုလိုပဲ...

'ဟုတ်တယ်ဟဲ့... ငါ သူ့အဖေကို မမြင်ရတာ တစ်လလောက်ရှိပြီ'

'အရမ်းအားကျတာပဲ... သူ့အမေက အရမ်းလှတာလို့ ငါ့အဖေက ပြောနေကြ...'

'သူ့အဖေကလည်း ချမ်းသာတာကို...'

ဘေးအိမ်က ကောင်လေးတွေ အတင်းပြောနေတာကို ကြားလိုက်ရတဲ့အချိန်မှာ C သက်ပြင်းချလိုက်မိသည်။ အလုပ်မှ အလုပ်ဖြစ်နေတဲ့အဖေရယ်... အရမ်းလှပပြီး ဒေါသထွက်လွယ်တဲ့အမေရယ်က သူ့အတွက်တော့ မိဘတွေဆိုတာကိုတောင် မေ့လျော့နေတဲ့အထိပဲ ဆိုပေမယ့််လည်း အများအတွက်ကတော့ အားကျစရာပဲလေ...

သူ့အတွက် တကယ်လိုအပ်နေတဲ့အရာတွေကို... သူ ပိုင်သမျှအရာအားလုံးနဲ့သာ လဲလှယ်ခွင့်ရှိမယ်ဆိုရင် တကယ်ကောင်းမှာပဲ...

ရှည်လျားတဲ့ခြေထောက်တွေက မရင်းနှီးသေးတဲ့လမ်းမပေါ်ကနေ ဖြည်းဖြည်းချင်း လျောက်လှမ်းနေမိသည်။ အစတုန်းကတော့ သူက ဒီအတိုင်းလေး လမ်းလျောက်ဖို့ပဲ... သူ ရှာဖွေနေတဲ့အရာတစ်ခုကို အမှတ်မထင်ဘဲ ရှာတွေ့သွားမလားဆိုပြီး ရှာဖွေနေမိသေးသည်။

လမ်းလျောက်နေတာ ဘယ်လောက်ထိ ကြာနေပြီလဲဆိုတာကို သူ မသိဘူး။ ကောင်းကင်ကြီးက တဖြည်းဖြည်းရွေ့လျားနေတဲ့အထိ လမ်းလျောက်နေတဲ့သူ့ကို အနောက်က လိုက်လာတဲ့လူတွေက သေချာစိုက်ကြည့်နေကြမှာ အသေအချာပဲ... ဒါပေမယ့် တစ်စုံတစ်ခုကို ရှာဖွေနေတဲ့လူအတွက်ကတော့ ပတ်ဝန်းကျင်က ဘာတွေဖြစ်နေလဲဆိုတာကို သိမှာတောင် မဟုတ်ဘူး။ အချိန်တွေက ကုန်တာ အရမ်းမြန်လွန်းတာပဲ...

'ကယ်ကြပါဦး...'

Cက အသံလာရာဘက်ကို အမြန်လှည့်ကြည့်လိုက်မိသည်။ တစ်ယောက်ယောက်က တစ်ခုခုဖြစ်နေတာလား။ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာလားဆိုတာကို သူ မသိပေမယ့် သေချာတာတစ်ခုက အဲ့ဒါက အော်ဟစ်ပြီး အကူအညီတောင်းနေတဲ့အသံ...

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now