အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)

Start from the beginning
                                    

'Guitarပေါ် မလှဲနဲ့!'

Soloရဲ့မျက်နှာက ရှစ်ခေါက်ချိုးဖြစ်သွားပြီးတော့ သူ့သူငယ်ချင်းကို အဝေးကိုဆွဲထုတ်ဖို့ လုပ်လိုက်ပေမယ့် ကျွန်တော်က သူ့ရဲ့လက်မောင်းကို အရင်ဆုံးဆုတ်ကိုင်လိုက်မိသည်။

'ကားက ယိုင်နေပြီ။ So အရှေ့က အစ်ကိုတွေကို အားနာရမယ်လေ…'

ကျွန်တော် သတိပေးလိုက်တယ်ဆိုပေမယ့် အမှန်တိုင်းပြောရရင် အရှေ့မှာ ထိုင်နေတဲ့ကားမောင်းသမားနဲ့ အစောင့်တစ်ယောက်က သူတို့ရဲ့သခင်လေးကို ဘာမှပြန်မပြောရဲကြ…

'သူက Guitarရဲ့ပေါင်ပေါ်မှာ လှဲနေတာလေဗျာ…'

Soloရဲ့မျက်နှာအခြေအနေက စောနကထက် ပိုပြီးဆိုးရွားနေပေမယ့် သူ့သူငယ်ချင်းကို ဆွဲထုတ်ဖို့ ကြိုးစားနေတာတွေကို ရပ်တန့်လိုက်သည်။ ပြီးတဲ့အခါမှာ သူ မကျေနပ်ကြောင်းပြတဲ့အနေနဲ့ သူ့ရဲ့လက်က စောင်ပုံထဲက ထွက်နေတဲ့Kaoရဲ့ခေါင်းကို အပြင်းအထန်ပွတ်သပ်လိုက်တယ်။

သူ့ကို ကြည့်ရတာ စိတ်မကျေနပ်တဲ့ပုံဖြစ်နေပေမယ့် သူ့သူငယ်ချင်းကို ချစ်ခင်ကြင်နာစွာနဲ့ ပြုံးပြီး ကြည့်နေသည်။

'Kaoက ဘယ်အချိန်မှာ အိပ်တာမို့လို့လဲ။ လေယာဉ်ပေါ်မှာတုန်းကလည်း တောက်လျောက်အိပ်ခဲ့တာလေ…'

ကျွန်တော် ခေါင်းငုံ့လိုက်ပြီးတော့ အားအင်တစ်စက်မှ မရှိတော့တဲ့မောင်ပြာတာလေးကို မေးလိုက်သည်။ ကျွန်တော်တိုု့ လေယာဉ်ပေါ်မှာတုန်းကလည်း သူက ဆယ်နာရီလုံးလုံး တောက်လျောက် အိပ်နေတာ… ဒါပေမယ့် ဒီမောင်ပြာတာလေးက ဘာကြောင့်မှန်းမသိ အခုထိ အိပ်ချင်မူးတူးဖြစ်နေတုန်း…

'ဂိမ်းဆော့နေလို့…'

Kaoက အိပ်ငိုက်နေတဲ့အသံနှင့် ပြန်ဖြေလာသည်။

'လေးရက်ဆက်တိုက် မိုးလင်းပေါက် ဂိမ်းဆော့ခဲ့တာမို့လို့…'

'သီချင်း မလေ့ကျင့်ဘူးလား'

ကျွန်တော် မှတ်မိသလောက်ဆိုရင် မနေ့က သူတို့မေဂျာရဲ့စာမေးပွဲနောက်ဆုံးနေ့… အဲ့ဒါကို ဒီကောင်လေးက ဂိမ်းတွေကိုဘဲ ဆော့နေခဲ့တာလား။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now