အပိုင်း ၄၀

Start from the beginning
                                    

'ဒီနေ့ အစည်းအဝေးရှိတယ်လေ...'

Cက မတ်တပ်ရပ်လိုက်ပြီးတော့ စတင်ရွေ့လျားနေတဲ့ သားဖြစ်သူရဲ့ခြေထောက်တွေကို ကြည့်လိုက်မိသည်။

'ထွက်သွားမှာ!'

'ချုပ်ထားစမ်း!'

သခင်ကြီးအမိန့်ပေးလိုက်တာနဲ့ တံခါးနားမှာ ရပ်နေတဲ့အစောင့်တွေက သူတို့ရဲ့သခင်လေးကို လျင်မြန်စွာနဲ့ ချုပ်ထားလိုက်ပြီးတော့ ထွက်ပြေးခွင့်လုံးဝမပေးခဲ့...

'ကျွန်တော့်ကို လွှတ်!'

သူ့ကို ချုပ်ထားတဲ့သူတွေက တစ်ယောက်ထက်မက ရှိနေတာကြောင့် အော်ဟစ်ပြီးတော့ ရုန်းထွက်နေသည်။ သို့သော် သူ ဘယ်လောက်ဘဲအားသန်နေပါစေ... သူ ဘာမှလုပ်လို့မရခဲ့...

'မင်းမှာ သည်းခံနိုင်မှုမရှိဘဲ အောင်မြင်လိမ့်မယ်လို့ ထင်နေတာလား'

Cက အေးစက်စွာနဲ့ပြောလိုက်ပြီးတော့... ဘယ်သူ့စကားမှနားမထောင်တော့ဘဲ ဒေါသတကြီးဖြစ်နေတဲ့ကောင်လေးနဲ့ နီးကပ်လာတဲ့အထိ တိုးကပ်လိုက်သည်။

'သခင်ကြီး...'

ဘေးနားမှာ ရပ်နေပြီး ဒီအဖြစ်အပျက်တွေကို ကြည့်နေမိတဲ့သူက ရှေ့ကို တိုးလိုက်ပြီးတော့ Cရဲ့လက်မောင်းကို သတိပေးတဲ့အနေနဲ့ လှမ်းဆွဲလိုက်သည်။ အခုမှ စကောင်းခါစရှိသေးတဲ့ သူတို့သားအဖကြားက ဆက်ဆံရေးကို အရင်လိုမျိုး ပြန်မဖြစ်စေချင်တော့... ဒီလူသားနှစ်ယောက်ရဲ့အပြုအမူစိတ်ထားနဲ့ အရာအားလုံးက တူညီလုနီးပါး... တကယ်လို့ Cသာ ဒေါသထွက်သွားရင် အရာအားလုံးကို ဖျက်ဆီးပစ်မှာ...

'အဖေ! ကျွန်တော့်ကို လွှတ်ပေး!'

ထိုအော်သံကြောင့် သခင်ကြီးရဲ့မျက်လုံးတွေထဲက ဒေါသပုံရိပ်တွေက တရိပ်ရိပ်တိုးပွားလာခဲ့သည်။

'သူ့ကို အိမ်လေးထဲ ခေါ်သွားလိုက်... သူ့ဖုန်းကို သိမ်း၊ အင်တာနက်လိုင်းကို ဖြတ်ထား... သူ့ကို အပြင်လုံးဝမထွက်စေနဲ့... ဘယ်သူနဲ့မှလည်း မဆက်သွယ်စေနဲ့... ငါ့အမိန့်မရမချင်း သူ့ကို စောင့်ကြည့်နေ...'

'အဖေ!'

'သခင်ကြီး...'

အခြေအနေက ပိုပြီးဆိုးရွားလာတာကို မြင်လိုက်ရတဲ့အခါမှာ Jayက သူတို့သားအဖနှစ်ယောက်ကြားထဲ အမြန်သွားလိုက်ပြီးတော့...

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now