အပိုင်း ၃၂

Magsimula sa umpisa
                                    

'Guitar' Soloက ကျွန်တော့်ရဲ့နာမည်ကို တိုးတိုးလေးခေါ်လိုက်ပြီး ကျွန်တော့်လက်ကို ဆွဲယူလိုက်ကာ တင်းမာနေတဲ့မျက်နှာထားမျိုး လုပ်လိုက်သည်။ 'လက်တွေ အေးနေတယ်ဆိုလည်း ကျွန်တော့်ကို ပြောတာမဟုတ်ဘူး။ Guitarရဲ့အကျီမှာ လက်ထည့်ဖို့ အိပ်ကပ်မပါတာကို တွေ့မှ သိလိုက်ရတာ...'

ကျွန်တော် ဘာမှပြန်မပြောမိတော့ဘဲ သူ့လက်လေးကို တင်းကြပ်စွာ ပြန်ဆုတ်ကိုင်ထားလိုက်သည်။ နွေးထွေးတဲ့သူ့လက်လေးတွေကို ဆုတ်ကိုင်ပြီးတဲ့အခါမှာတော့ သူ့ဆီက နွေးထွေးမှုတွေက ကျွန်တော့်ဆီသို့ ကူးပြောင်းလာခဲ့သည်။

'Soကကော ဘာလို့မအေးရတာလဲ'

သူဝတ်ထားတဲ့ပုံစံကို ကျွန်တော် ကြည့်လိုက်မိတော့ သူက အိပ်ကပ်မပါတဲ့ ဘောင်းဘီအရှည်နှင့် အကျီလက်ရှည်တစ်ထည်တည်းကိုသာ ဝတ်ထားသည်။

'ကျွန်တော်က နေသားကျနေပြီလေ... ကျွန်တော့်အသားက နွေးတဲ့အသားမှ မဟုတ်တာ... ဒါပေမယ့်လည်း Guitarရဲ့လက်တွေက အရမ်းအေးစက်နေတာဘဲ...'

ကျွန်တော် စကားမပြောနိူင်သလို ခံစားနေရတာကြောင့် ခေါင်းညိမ့်လိုက်မိသည်။ Soloကလည်း နားလည်တာကြောင့် ဘာမှထပ်မမေးတော့... သူက လမ်းတလျောက်လုံး ကျွန်တော့်ရဲ့လက်ကို ကိုင်ထားပြီး ဖြည်းဖြည်းချင်းလျောက်နေသလို... ကျွန်တော်ကလည်း သူ့ရဲ့အနောက်ကနေသာ လိုက်လာခဲ့မိသည်။ နောက်ဆုံးတော့ နည်းနည်းဝေးတဲ့နေရာမှာ လူတစ်စုက ကျွန်တော်တို့ကို လက်ဝှေ့ပြနေတာကို တွေ့လိုက်ရသည်။

'သူတို့က မောင်ရင်တို့ကို ကြိုဖို့ စောင့်နေကြတာကွဲ့...' ဦးလေးMarkက ကျွန်တော်တို့ကို လှည့်ကြည့်ကာ ပြုံးပြနေသည်။

ကျွန်တော်တို့ လမ်းလျောက်တာ နီးလာလေလေ... လူတွေအများကြီးကို တွေ့လိုက်ရလေလေဖြစ်နေသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ထိုနေရာမှာ ရပ်နေပြီး သူမရဲ့ဘေးနားမှာ အရွယ်စုံကလေးအယောက်နှစ်ဆယ်လောက်ရှိနေသည်။ သူတို့လေးတွေအားလုံးက အဝတ်စားအဟောင်းတွေ အနွေးထည်အဟောင်းတွေကို ထပ်ဝတ်ထားတာပြီး တစ်ယောက်ကို အနွေးဓာတ်တွေ ပေးနေသည်။ သူတို့ပုံစံက အရမ်းအေးနေတဲ့ပုံရပေမယ့် ပျော်ရွင်စွာနဲ့ ပြုံးနေကာ ကျွန်တော့်တို့ကို လက်ဝှေ့ပြနေသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Tahanan ng mga kuwento. Tumuklas ngayon