အပိုင်း ၃၀

Start from the beginning
                                    

'စာမေးပွဲမဖြေဘဲ ဒီကိုလာမယ်ဆိုရင် အစ်ကို တကယ်စိတ်ဆိုးမိမှာနော်…'

'အစ်ကို အဆင်ပြေတယ်'

'အမေ မရှိတော့ဘူးဆိုတာ အစ်ကို အခု လက်ခံလို့ရသွားပါပြီ'

ကျွန်တော် သူ့ကို ပြောပြခဲ့တာတွေကို မှတ်မိနေသည်။ ဒါက ကျွန်တော် ပြောဖို့အတွက် ရွေးချယ်ပြီး စီစဉ်ထားပြီးသားစကားတွေ… ဒါပေမယ့် ဘာကြောင့်မှန်းမသိ…

ကျွန်တော်တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တိုင်းမှာ…

Soကို…

Soကို အစ်ကို့အနားမှာ ရှိနေစေချင်တယ်။

သို့သော် အဲ့ဒီတစ်ကိုယ်ကောင်းဆန်တဲ့အတွေးကို ကျွန်တော့်နှလုံးသားထဲက အနက်ရှိုင်းဆုံးနေရာမှာ ထည့်သိမ်းထားလိုက်ရသည်။ ကျွန်တော့်ကြောင့် Soloရဲ့ပညာရေးကို အထိအခိုက်မဖြစ်စေချင်…

ကျွန်တော် ဒါကို တောင့်ခံနိူင်ရမယ်…

ကျွန်တော် သန်မာနေရမယ်…

နောက်နှစ်ရက်နေရင် သူ့ကို ကျွန်တော်တွေ့လို့ရပြီ။

'Khun Gui'

'အင်း… Khun Jay'

တံခါးအပြင်ဘက်ကနေ ထွက်လာတဲ့Khun Jayအသံကြောင့် ပြန်တုန့်ပြန်လိုက်ပြီး ကျွန်တော့်ကို ကျွန်တော် မှန်ထဲမှာ ပြန်ကြည့်လိုက်သည်။

မှန်ထဲက ကျွန်တော့်ရဲ့ပုံရိပ်လေးက မဲနက်နေတဲ့အမဲရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ဒီနေ့အတွက် ကျွန်တော့်ရဲ့ဆံပင်ကို ကြည့်ရတာ အဆင်ပြေတယ်ဆိုရုံလောက်သာ သဘာဝအတိုင်း ချထားသည်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော့်ရဲ့ပုံစံက အရင်နေ့ကထက် ပိုပြီးဖြူဖျော့နေကာ လှဲကျနိူင်လောက်တဲ့အထိ ပင်ပန်းနေတဲ့ပုံဖြစ်နေတာကြောင့် ဖြစ်သည်။

အရင်တုန်းကအတိုင်း ကျွန်တော် ပြုံးဖို့ကြိုးစားလိုက်ပေမယ့် ပြုံးနေတာနဲ့ မတူပေ… အဲ့ဒါကြောင့် ကျွန်တော် ကိုယ့်ပါးကို ကိုယ်ပြန်ရိုက်ပြီး အသိစိတ်ဝင်အောင်လုပ်ကာ ထပ်ပြုံးဖို့ ကြိုးစားလိုက်မိပြန်သည်။

ဒီအပြုံးက မဆိုးဘူး…

'Khun Guiအဆင်ပြေရဲ့လား'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now