အပိုင်း ၂၃

Start from the beginning
                                    

Soloက တည်ငြိမ်နေသောမျက်နှာနှင့် မေးလာသည်။ ကျွန်တော်က သူ့မျက်နှာကို ငြိမ်သက်စွာနဲ့ကြည့်လိုက်ပြီးတော့ ကျွန်တော်က အဲ့လိုလူမျိုးလားဆိုပြီးတော့ တွေးနေမိသည်။ အဲ့လူနဲ့ ပိုပြီးရင်းနှီးလာလေ… ကျွန်တော် ပိုပြီးဂရုစိုက်ပေးလေဖြစ်သည်။ ကျွန်တော်ငယ်ငယ်လေးကတည်းက သူတစ်ပါးကို တက်နိူင်သမျှ ကူညီပေးတက်သည်။ ဂေဟာမှာတုန်းက ကျွန်တော်က အကြီးဆိုတော့ အငယ်လေးတွေကို ဂရုစိုက်ပေးရတာနဲ့ အကျင့်ပါလာတာဖြစ်နိူင်သည်။

'အစ်ကို သိပါတယ်…'

'ပြီးတော့ Guitarက… ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူးဆိုတာကော သိလား'

'…'

ကျွန်တော် သူ့ကို ဘာပြန်ဖြေရမှန်းမသိတာကြောင့် ခဏတာဆွံ့အနေမိသည်။ ကျွန်တော် မဟုတ်ဘူးလို့ ပြန်ဖြေချင်ပေမယ့် ပါးစပ်က ထွက်မလာ… အဲ့ဒါကြောင့် ပြန်ဖြေဖို့ အခြားအကြောင်းအရာတွေကို ရှာလိုက်ပေမယ့် ဘာမှမရှိ…

'Guitarက ကျွန်တော့်ကို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ပြောတယ်။ အဲ့ဒါဆို Guitarလည်း… ကိုယ့်ကိုယ်ကို လျစ်လျူမရှုသင့်ဖူးလေ… ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေရှိလာပြီဆိုရင် Guitarက အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ဘဲတွေးတယ်'

Solo ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေပြီး စနောက်နေတဲ့အရိပ်အယောင်မျိုးမရှိ…

'လွန်ခဲ့တဲ့လေးနှစ်ကတည်းက Guitarက စာရယ် အလုပ်ရယ်ဘဲ လုပ်ခဲ့တယ်ဆိုတာကို မေ့နေတာလား။ အစ်ကိုက တစ်ကြိမ်တစ်ခါတောင် တစ်ယောက်တည်း ခရီးမသွားဖူးတဲ့သူလေ… အခုကျ ဒီလိုသွားရတော့မယ်ဆိုတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး စိတ်မပူဘဲနေရမှာလဲ'

'တကယ်က…'

ကျွန်တော် ကြောက်နေတဲ့အသံနှင့် ပြောမိလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ဒါပေမယ့် တည်ငြိမ်နေတဲ့ သူ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ ကျွန်တော် စိတ်ပူလာသည်။

Soloပြောတာ မှန်သည်။ ကျွန်တော်တစ်ယောက်တည်း ဘယ်ကိုမှ ခရီးမထွက်ဖူးဘူး။ ဘယ်ကားစီးရမလဲဆိုတာတောင် မသိ… ကျွန်တော်က ကိုယ့်ကိုယ်ကို လျစ်လျူမရှုတက်သော်ငြားလည်း 'ကိုယ့်ဘာသာကိုယ် လုပ်ရတာ'ကို သဘောကျတဲ့လူစားမျိုးပင်…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now