အပိုင်း ၁၉

Start from the beginning
                                    

'So ရေအရင်သွားချိုးလိုက်လေ… အစ်ကို တစ်ခုခုစားဖို့ ရှာလိုက်ဦးမယ်'

ကျွန်တော်က ရေချိုးချင်နေတဲ့ကောင်လေးရဲ့ပုခုံးကို တွန်းပြီးတော့ ရေချိုးခန်းထဲ ပို့ပေးလိုက်ရင်း ပြောလိုက်မိသည်။

'ကျွန်တော်တို့ အဲ့ဒီမှာ စားလို့ရတယ်လေ…'

'မရဘူး' ကျွန်တော် ငြင်းလိုက်မိသည်။ ပြီးတော့ ကိုယ့်ကျန်းမာရေးကို ကိုယ့်ဘာသာ ဂရုမစိုက်တဲ့ကောင်လေးကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ဖို့ကိုလည်း မမေ့ခဲ့…

'အစာမစားထားဘဲနဲ့ အရက်သောက်လို့မရဘူးလေ… ကိုယ့်ကျန်းမာရေးကို ဘာလို့ဂရုမစိုက်ရတာလဲ'

'Guitar…'

Soloက ကျွန်တော့်နာမည်ကို ခေါ်လိုက်ပြီး ကျွန်တော့်အနားသို့လာကာ အသနားခံတဲ့အနေနဲ့ ကျွန်တော့်လက်မောင်းကို ဆွဲကိုင်ထားသည်။

'တောင်းပန်ပါတယ်'

'အစ်ကို စိတ်ဆိုးနေတာ မဟုတ်ဘူး'

ကျွန်တော် သက်ပြင်းချလိုက်ပြီးတော့ သနားဖို့ကောင်းတဲ့မျက်နှာနှင့် ခွေးပေါက်စကြီးကို ကြည့်ပြီး ပြုံးပြလိုက်သည်။

'ဒါပေမယ့် Guitarက ကျွန်တော့်ကို ဆူနေတာကို…'

'Soက ကိုယ့်ဘာသာကိုယ် ဂရုမစိုက်တော့ အစ်ကိုက စိတ်ပူတာပေါ့… စိတ်ပူတယ်ဆိုတဲ့စကားကို နားလည်လား ခွေးပေါက်လေး…'

အသံကို ပုံမှန်အတိုင်းဖြစ်အောင် ပြင်လိုက်ပြီး ကျွန်တော် တကယ်စိတ်ပူနေတယ်ဆိုတာ သူ သိအောင်အတွက် သူ့ရဲ့ခေါင်းလေးကို ဖွလိုက်သည်။

အစကတည်းက Soloက ဒီပုံစံအတိုင်းဘဲဆိုတာ ကျွန်တော် သိသည်။ သူက သူ့ကိုယ်သူ ဂရုမစိုက်… သူ့ကျန်းမာရေးကိုတောင် သူ ဂရုစိုက်ခဲ့တာမဟုတ်… ဒါပေမယ့် သူ့အကြောင်းတွေကို သိလိုက်ရတဲ့အခါမှာတော့ သူ့မှာ သူ့ကို ဂရုစိုက်ပေးမယ့်သူ၊ စိတ်ပူပေးမယ့်သူ မရှိတာကို ကျွန်တော် သိလိုက်ရသည်။ အဲ့ဒါကြောင့် သူက အဲ့လိုဖြစ်နေတာ…

ဒါပေမယ့် အဲ့ဒါက အရင်ကလေ… အခုနဲ့ မတူဘူး။

'အရင်တုန်းက Soကို ဂရုစိုက်ပေးမယ့်သူ မရှိခဲ့ဘူးဆိုပေမယ့်… အခုက အစ်ကိုရှိနေပြီလေ…'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now