အပိုင်း ၁၅

Start from the beginning
                                    

ကျွန်တော့်ကို မကြည့်ရဲဖြစ်နေကြတဲ့ သူတို့ကို ကျွန်တော် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်မိသည်။ ပုံမှန်သာဆိုရင် အရက်သောက်မယ့်အစီစဉ်ကို Nohတို့က အလွတ်ခံမှာမဟုတ်... ဒါပေမယ့် ဒီအကြိမ်မှာတော့ သူတို့က လုံးဝကို အရက်နဲ့ လုံးဝမထိတွေ့ရသေးတဲ့လူတွေလို ဖြစ်နေသည်။

'ကျွန်တော့်သူငယ်ချင်းကို အရင်သွားရှာလိုက်ဦးမယ်' Kaoက ကျွန်တော်တို့ကို ပြောပြီးတော့ အရင်ဆုံး ပြေးသွားသည်။

'ငါ ဗိုက်ဆာတယ်' Nohကလည်း ထွက်ပြေးသွားပြန်ပြီ။

'ငါ ရေကူးချင်တယ်' Wineက ပြောပြီးတာနဲ့ ရေကူးကန်ထဲသို့ ချက်ချင်းဒိုင်ဗင်ထိုးချလိုက်သည်။ ကျွန်တော် ရေကူးကန်အနားသို့သာ လျောက်သွားလိုက်ပြီးတော့ ခဏလောက် တိတ်ဆိတ်နေလိုက်မိသည်။

သူ ရေကူးတက်လားဆိုတာကို ကျွန်တော် သိချင်မိသည်။

တက်နိူင်သမျှ ကျွန်တော့်ကို ပုံမှန်အတိုင်းကြည့်နေတဲ့ နောက်ဆုံးကျန်တဲ့သူတစ်ယောက်ကို ကျွန်တော် ကြည့်လိုက်မိသည်။ ကျွန်တော့်မျက်လုံးတွေကို ရှောင်နေတာကလွဲလို့ ကျွန်တော့်မျက်နှာကို သူ စိုက်ကြည့်ပြီး ပြုံးပြနေသည်။

'ဘာမှမဟုတ်ပါဘူး' Beerက ပြောနေရင်းနဲ့ ကျွန်တော့်ပုခုံးကို ပုတ်လိုက်သည်။ 'ဒါပေမယ့် ငါက အထူးသီးသန့်လူသားလေးဖြစ်ချင်တာ...'

'ခွေးကောင် Beer!'

ကျွန်တော် သူတို့ကို လုံးဝဂရုမစိုက်ခဲ့တာဘဲ... တကယ်တော့ သူတို့က ဒီလိုအရာမျိုးကို ပိုပြီးလက်လွတ်ခံမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် ခန့်မှန်းမိခဲ့ရမှာ...

'မင်း မိရဲမိကြည့်စမ်းပါ Beer!' Beerက Nohဆီကို ပြေးသွားတာကြောင့် ကျွန်တော် အော်လိုက်မိသည်။

ခဏ...

သူတို့ အဲ့ဒါကို ကြားခဲ့တယ်ဆိုတော့...

သူတို့ အဲ့ဒါကို မြင်သွားမှာပေါ့...

'Gui!'

ကျွန်တော် လန့်သွားပြီးတော့ တစ်ဖက်တစ်ခြမ်းကနေ လှမ်းအော်နေတဲ့Nohကို လှည့်ကြည့်လိုက်မိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now