အပိုင်း ၁၄

Start from the beginning
                                    

'So…'

Soloက အနောက်သို့ လှည့်လာပြီးတော့ ကျွန်တော့်ရဲ့လက်ကို လွှတ်လိုက်သည်။ အမြဲတမ်းလိုလို တည်နေတဲ့သူ့ရဲ့မျက်နှာကြောင့် သူဘာစဉ်းစားနေလဲဆိုတာကို ကျွန်တော် ခန့်မှန်းရခက်နေသည်။

ဒါက ဘယ်လိုတုန့်ပြန်မှုမျိုးလဲ။

'Guitar…'

Soloက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့ သူ့ရဲ့လက်က ကျွန်တော့်ရဲ့ဆံပင်တွေကို ထိတွေ့နေကာ ကောင်းကင်ကို မော့ကြည့်နေသည်။ အချိန်အကြာကြီး ကြည့်နေတာကို မြင်လိုက်ရတာကြောင့် ကျွန်တော်လည်း အပေါ်ကို မော့ကြည့်လိုက်မိသည်။

ဒီအတိုင်း မှောင်မဲနေတာဘဲ… ဘာဆိုဘာမှ ကျွန်တော် မမြင်ရ…

'So…'

ကျွန်တော် ပြောဖို့လုပ်နေတဲ့စကားတွေက ခေါင်းပြန်ငုံ့ပြီး သူ့ကို ကြည့်လိုက်တဲ့အခါမှာ ရပ်တန့်သွားသည်။ သူ့ရဲ့အပြုံးက စောနတုန်းက စတိတ်စင်ပေါ်မှာ ပြုံးခဲ့တဲ့အပြုံးထက် ပိုပြီးတောက်ပနေသည်။

'ကျွန်တော် Guitarကို သဘောကျတယ်'

'…'

ကျွန်တော် သူ့ကို သဘောကျတယ်လို့ ပြောခဲ့တုန်းက သူလည်း ဒီလိုဘဲ ခံစားခဲ့ရလား။

အခုတော့ Solo စတိတ်စင်ပေါ်မှာ အတော်ကြာတဲ့အထိ ဘာကြောင့် မတ်တပ်ရပ်နေမိတာလဲဆိုတာ ကျွန်တော် နားလည်လို့ ရသွားသည်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်လည်း အဲ့လို ခံစားနေရတာလေ… ကျွန်တော့်ခေါင်းထဲမှာ ဗလာဖြစ်နေပြီးတော့ နှလုံးသားကလည်း အပြင်းအထန်လှုပ်ရှား ကခုန်နေသည်။

အခုလို ရုတ်တရက်ကြီး ပြောလာတော့…

သူက ကျွန်တော့်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဖို့အတွက် အချိန်မပေးခဲ့ဘူး။

'မျက်နှာမဖုံးထားနဲ့လေဗျာ…'

ကျွန်တော့်ရဲ့လက်ကို စိတ်ဆိုးစွာနဲ့ ဖယ်ထုတ်လာတဲ့ကောင်လေးကို ကျွန်တော် ကြည့်လိုက်မိသည်။ ကျွန်တော် ကျွန်တော့်ရဲ့မျက်နှာကို ဖုံးလို့မရဘူးဆိုတော့ ကောင်းကင်ကိုသာ အချိန်အကြာကြီး မော့ကြည့်နေမိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now