အပိုင်း ၁၁

Start bij het begin
                                    

'ကျန်တဲ့နှစ်ယောက်ကော...'

ကျွန်တော် သူ့မေးခွန်းကို လျစ်လျူရှုလိုက်ပြီးတော့ အတန်းစခါနီးတာတောင် အခုထိ မတွေ့ရသေးတဲ့ သူငယ်ချင်းနှစ်ယောက်ကို မေးလိုက်သည်။

'သူတို့က အအေးသွားဝယ်နေကြတယ်။ ဟိုမှာလေ...'

သူက ပြောလိုက်ရင်း Beerနဲ့ Nohတို့ ပြန်လာနေတဲ့လမ်းကို မေးငေါ့ပြလိုက်သည်။

'မင်းနဲ့ မင်းရဲ့ပထမနှစ်ကကောင်လေးက တော်တော်နာမည်ကြီးနေတာဘဲ...'

Nohက ကျွန်တော့်ဘေးနားမှာထိုင်ပြီး ပြောလိုက်ပေမယ့်လည်း ကျွန်တော်ကတော့ နားမလည်နိူင်စွာနဲ့ သူ့ကို ပြန်ကြည့်နေလိုက်မိသည်။

'မသိတဲ့ပုံစံလုပ်ပြန်ပြီ... မင်း Pageကို အခုထိ မမြင်သေးဘူးလား'

Beerက သူ့ဖုန်းသူထုတ်လိုက်ပြီး တစ်ခုခုကို ရှာလိုက်ကာ သူ့ဖုန်းကို ကျွန်တော့်ဆီ ကမ်းပေးလာသည်။

Admin Page Cute:
စပိုင်တစ်ယောက်က သတင်းတစ်ပုဒ်ပို့လာပါတယ်။ P'Guiက N'Soloရဲ့ရှုတင်ကို သွားခဲ့ပါတယ်။ ပြီးတော့ P'Guiက အင်တာဗျူးတဲ့သူအဖြစ် လုပ်ပေးသွားပါတယ်တဲ့... အရမ်းချစ်စရာကောင်းတာဘဲ... စပိုင်ပြောတဲ့အရကတော့ အများကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် သူတို့က တကယ့်ကို အမှန်တွေဆိုတာ သေချာတယ်။
#SoloGui

PS. အဲ့ဒီ ဗီဒီယိုလေးကိုလည်း စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်~

*Soloက ကင်မရာအရှေ့မှာထိုင်နေပြီး Guiက ကင်မရာဘေးနားမှာ ထိုင်နေပြီး တစ်ယောက်ကို တစ်ယောက်ပြုံးပြီး ကြည့်နေကြသည့်ပုံ

8.9k Like 3.3k Comments 552 Share

ဒီပုံက Soloကျေးဇူးတင်စကားပြောနေတုန်းက ရိုက်ထားတဲ့ပုံ... ဘာလို့လဲဆိုတော့ ကင်မရာအရှေ့မှာ သူ တစ်ကြိမ်တည်းပြုံးပြပြီးတော့ အဲ့အချိန်တုန်းက ကျွန်တော်လည်း ပြန်ပြုံးပြလိုက်တာကို ကျွန်တော် မှတ်မိနေသည်။

'မင်း ပြုံးနေတာ ပါးစပ်ကြီးက ပြဲနေတာဘဲ ငါ့သူငယ်ချင်းရ...' Nohရဲ့ရယ်မောနေတဲ့အသံကြောင့် ကျွန်တော် တွေးနေတာတွေ ရပ်သွားပြီး ကျွန်တော့်လက်ထဲက ဖုန်းကို Beerဆီ အမြန်လှမ်းပေးလိုက်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Waar verhalen tot leven komen. Ontdek het nu