အပိုင်း ၈

Start from the beginning
                                    

'ငါ သိပါတယ်' ကျွန်တော် အဲ့အချိန်ကို မှတ်မိသေးသည်။ Sunရဲ့ခံစားချက်တွေကို နာကျင်အောင်လုပ်ခဲ့မိတဲ့အတွက် Noh အရမ်းဝမ်းနည်းခဲ့ရတာ… စကားအရမ်းများတဲ့လူမျိုးက စိတ်ဓာတ်ကျနေတဲ့ခွေးပုံစံအဖြစ် ရက်အတော်ကြာတဲ့အထိ ပြောင်းသွားခဲ့တာ… ဒါပေမယ့် အဲ့အချိန်တုန်းက သူ Sunကို အပြစ်တင်ခဲ့တာ အရမ်းဆိုးရွားသည်။ ကျွန်တော်တို့အားလုံးမှာ သူ့အနားမှာဘဲ သူတို့နှစ်ယောက် ဘာပြသာနာမှမရှိတော့တဲ့အထိ နေပေးခဲ့ရသေးသည်။

'ငါ ဘယ်သူ့ကိုမှ ဝမ်းမနည်းစေချင်ဘူးနော်…'

'မင်း ဘာကိုပြောနေတာလဲ'

'Soloဘာတွေ တွေးနေလဲဆိုတာ မင်း ကောင်းကောင်းသိမှာဘဲ…' သူ မျက်ခုံးနည်းနည်းကြုတ်လိုက်သည်။ ခဏလောက် မြင်လိုက်ရတဲ့ သူ့ရဲ့အမှောင်အခြမ်းက ပုံစံကြောင့် ကျွန်တော် သက်ပြင်း အသာလေးချလိုက်မိသည်။ ဘာလို့လဲဆိုတော့ သူ ကျွန်တော့်အတွက် စိတ်ပူပေးနေတယ်ဆိုတာကို ကျွန်တော် သိနေတယ်လေ…

ကျွန်တော်က လျို့ဝှက်ချက်မရှိတဲ့လူမျိုး… တကယ်လို့ ကျွန်တော့်သူငယ်ချင်းတွေကသာ ကျွန်တော့်အကြောင်းနဲ့ပတ်သတ်ပြီး မေးလာခဲ့လို့ရှိရင် နည်းနည်းတောင် ဖုံးကွယ်ထားတာမျိုးမရှိဘဲ အားလုံးကို ပြောပြတက်သည်။ ဒီအတန်းပြီးသွားရင် သူ့ကို Soloအကြောင်းပြောပြမလို့ လုပ်နေတာ… သူ ဒီညနေခင်းမှာ Soloနဲ့သွားတွေ့ရမယ်ဆိုတဲ့အကြောင်းအပြင် အရာအားလုံးကို ပြောပြမလို့…

'သူက လူဆိုးမဟုတ်ပါဘူး' ကျွန်တော် သေချာပြောလိုက်သည်။ ကျွန်တော် ပြောတဲ့အဓိပ္ပာယ်ကို သူ နားလည်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်သည်။

'ငါ သိတယ်… ဒါပေမယ့် မင်းက အရမ်းကြင်နာတက်တဲ့ကောင်မျိုးလေ… Ai'Gui…'

'ငါ ပြောတာနားထောင်ဦး Noh…' ကျွန်တော် သူ့ကို Soloအကြောင်းတွေ ပြောထားပြီးသား… Soloက လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကို စိတ်ပူအောင်လုပ်မယ့်လူစားမျိုး မဟုတ်ဘူးဆိုတာကို ကျွန်တော် ထပ်တလဲလဲ အလေးထားပြီး ရှင်းပြလိုက်သည်။ 'ငါလည်း ကောင်းကောင်းသိပါတယ်။ ပြီးတော့ မင်းပြောသလို ငါ ကြင်နာတက်တဲ့လူဆိုပေမယ့်လည်း ငါက လူတိုင်းအပေါ် ဒီလိုမျိုး လိုက်ပြီး ကြင်နာနေတာမှ မဟုတ်တာ…'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now