အပိုင်း ၅

Start from the beginning
                                    

ကျွန်တော်က ဘယ်လိုပြန်ဖြေရမှာလဲ။ ဒီသတင်းက ဘာမှလိမ်ထားတာမဟုတ်ဘူးဆိုပြီးတော့လား။

'Beer မင်းရဲ့အမွှာညီကို အဝေးကို ခေါ်သွားလိုက်စမ်းပါ' ကျွန်တော် အငယ်ကောင်Wineကို ကျွန်တော်တို့အနောက်ကနေ ဘာမှမပြောဘဲ ပြုံးပြီးကြည့်နေတဲ့ အမွှာအကြီးကောင်ဆီ တွန်းပို့လိုက်သည်။ အကြီးကောင်ကတော့ ဘာမှမပြောဘဲ ကျွန်တော်လုပ်သမျှကို ခံနေသည်။

'မင်း သိပြီးသားအကြောင်းအရာတစ်ခုကို ဘာလို့မေးနေတာလဲ Wine'

'ငါက ဘာသိရမှာလဲ Beer'

'တကယ်လို့သာ သူတို့ကြား ဘာမှမရှိဘူးဆိုရင်…' Beerက ကျွန်တော့်ဘေးနားသို့ လျောက်လာခဲ့သည်။ ပြီးတော့ ကျွန်တော့်ပုခုံးကို ဖက်ကာ ကျွန်တော့်ကို ကြည့်ပြီး ပြုံးနေသည်။ 'တကယ်လို့သာ သူတို့ကြားမှာ ဘာမှမရှိဘူးဆိုရင်… ငါတို့ရဲ့သူငယ်ချင်းကြီးGuiက ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာရမှာလဲ…'

ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်သွားပြီး အမွှာနှစ်ယောက်ဘက်ကို လှည့်ကာကြည့်လိုက်မိတော့ သူတို့နှစ်ယောက်ရဲ့မျက်နှာက ပြုံးဖြီးနေသည်။ ကျွန်တော် ထူးဆန်းသလို ခံစားလိုက်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကိုယ်တိုင်လည်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာလဲဆိုတာကို မသိဘူး။

ကျွန်တော် ကြီးမားပြီး ခမ်းနားလှတဲ့အဆောက်အအုံရဲ့အရှေ့မှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို လှမ်းကြည့်လိုက်မိသည်။

'ဂီတဌာန'

ကျွန်တော့်ကို ထူးဆန်းသလို ကြည့်နေကြတဲ့ လူနှစ်ယောက်ရဲ့မျက်လုံးတွေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ပြုံးပြရုံသာ တက်နိူင်တော့သည်။ သူတို့က ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတဲ့အင်ဂျင်နီယာကျောင်းသားဖြစ်တဲ့ ကျွန်တော်က ဒီကိုဘာလာလုပ်တာလဲဆိုပြီး စိတ်ရှုပ်ထွေးသွားတာနေမှာပေါ့…

'မင်း ဘာဆင်ခြေပေးဦးမလို့လဲ'

Wineပြောနေတာကို ကြားလိုက်ရတော့ ကျွန်တော် မသိချင်ယောင်ဆောင်ဖို့ ကြိုးစားလိုက်ပါသေးသည်။ သို့သော်လည်း နောက်ဆုံးတော့ ကျွန်တော် ဆင်ခြေတစ်ခုပေးလိုက်မိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now