ရင်းနှီးလှတဲ့ ဖုန်းနံပတ်လေးကို ငေးကြည့်ရင်းနဲ့ မနေနိုင်တဲ့ အဆုံးမှာ သူ နိုပ်လိုက်မိသည်။

Phone Call ၀င်သွားခဲ့ပြီပင်....

သို့ပေမဲ့ ဖုန်းမကိုင်ခဲ့ပေ...
တစ်ခါခေါ်လည်းမရ၊ နှစ်ခါခေါ်လည်းမရ ဖြစ်နေသဖြင့်
ဟိုဘက်က အတော်လေးကြာတဲ့ထိ ဖုန်းမကိုင်ခဲ့တာမို့၊ သူအိပ်ပျော်နေလောက်ပြီဟု တွေးပြီး ဖုန်းချလိုက်တော့မယ်လို့ လုပ်လိုက်တဲ့ အချိန်မှာပဲ "ဟဲလို" ဆိုတဲ့ စကားလုံးလေးနှစ်လုံးက ၀လ္လာရဲ့ နားစည်ထဲကို ပြင်းရှရှအသံနဲ့ အတူတိုးဝင်လို့ လာခဲ့၏။

ဝလ္လာ သည် ကိုင်ထားတဲ့ ဖုန်းကို ခပ်တင်းတင်းလေးဆုပ်ကိုင်ထားမိ၏။
ဒီအသံလေးကို သူမကြားရတာ ရက်အတော်ကြာခဲ့ပြီပင်။
လူကိုယ်တိုင် သွားတွေ့ဖို့ ကြံလိုက်တိုင်းမှာလည်း သူ့ရဲ့ အနည်ထိုင်တော့မဲ့ ရေကြည်ကြည်ကို သွားပြီးမွှေနှောက်လိုပ်သလိုဖြစ်မှာလည်းစိုးထိတ်မိပါ၏။

"ဟဲလို.."
"ဘယ်သူလဲ မသိဘူး၊ ဖုန်းခေါ်ပြီး ဘာမှလည်းမပြောဘူး!!

အနှီလူသားလေးရဲ့အသံထဲမှာ စိတ်မရှည်မူ့လေးတွေကပ်ငြိလို့နေတော့ ၀လ္လာ အနည်းငယ်ပြုံးမိသည်။

"အင်း..ကိုယ်ပါ..မင်း အိပ်နေပြီလား"

"ဘယ်က ကို လဲ၊ ခုပြောနေတာကရော ဘယ်သူလဲ"

ရုတ်တရပ် ရင်းနှီးကျွမ်းဝင်နေတဲ့ တစ်ဖက်လူရဲ့ အသံကိုကြားလိုက်ရတော့ သျှားမှာ ဆတ်ခနဲ ဖြစ်သွားရသည်။
ဒါပေမဲ့ ပျံ့လွှင့်သွားတဲ့ စိတ်အစုံကို ပြန်ဆွဲခေါ်လိုက်ကာ ဘာမှမဖြစ်သွားတဲ့ လေသံအမူအယာဖြင့် ပြန်ဖြေလိုက်လိုက်သည်ပင်။

"အဟတ်၊ မင်းကိုယ့်ကို တကယ်ပဲ မမှတ်မိတော့ဘူးလား၊ ကိုယ်က မင်းရဲ့..."

"တော်တော့၊ ဆက်မပြောနဲ့တော့"

ဝလ္လာရဲ့ေ‌ပြာလက်စစကားကို တိကနဲ ပြက်သွားအောင် သျှား ဖြတ်ချလိုက်သည်။
သူဒီစကားတွေကို ထပ်ပြီးမကြားချင်တော့ပေ။
ခုချိန်မှာ သူ့ဘ၀ကို အရင်လို တစ်ကနေ ပြန်စရမည်။
မသိခဲ့၊ မိုက်မဲမိစဉ်အခါက သူတစ်ကြိမ်တစ်ခါမျှ အမှားအကြီး" လုပ်ခဲ့မိသွားပြီ။
အဲ့အချိန်က ဖြစ်သွားတဲ့ကိစ္စတွေကို အပြစ်တင်ရအောင်လည်း သျှား ဘယ်သူ့ကို အပြစ်တင်ဝံ့ပါ့မလဲ။
သူ့ရဲ့ မွေးသ ဖခင်ကိုလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်တစ်ဖက်လှည့်နဲ့ အရယူသိမ်းပိုက်ခဲ့တဲ့ တိမ်ဝလ္လာမိုးမြင့်ကိုလား၊ ဒီလိုမှမဟုတ်သေးရင် ကာယကံရှင်ဖြစ်တဲ့ မိမိကိုယ်တိုင်ကိုလားပင်။

{ ချည် } Where stories live. Discover now