အပိုင်း ၂၀ unicode

Start from the beginning
                                    

"နေပါဦး အကို။ဆိုင်မှာ ထိုင်မစားရင်လည်း အိမ်ကို ထုတ်ပြီး သယ်သွားလည်း ရတာပဲ။"

"နေပါစေ။"

"ညီမ အကို့ကို တခုခု ဝယ်ကျွေးချင်လို့ပါ အကိုရယ်နော်။"

သူ့ဆီ အမြဲတမ်း အဝတ်အစား လာချုပ်နေသူ ဆိုတော့လည်း အားနာစိတ်ဖြင့်လည်း ခေါင်းမညိတ်ချင်။ဆိုင်တဆိုင်မှာ ကောင်မလေး တယောက်နှင့် အတူ တွဲထိုင်ဖို့ ရပ်ကွက်ထဲမှ လူတွေ အတွက်လည်း အမြင်အားဖြင့် မသင့်တော်ပေ။အခုလို စကားရပ်ပြောနေတာတောင် လွန်လှပါပြီ။ဇင် သိသွားရင်လည်း ပြဿနာ တက်လိမ့်မည်။

"ကျေးဇူးတင်ပါတယ်။မစားပါရစေနဲ့။ကျွန်တော် သွားတော့မယ်နော်။"

နှုတ်ဆက်စကား ဆိုကာ အမြန်ဆုံးသော ခြေလှမ်းနှင့် အိမ်သို့ ပြန်လာရလေသည်။သူ အိမ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကြွေရုပ်ကမ္ဘာ အိမ်သို့ ရောက်လာပြန်သည်။

"အကို့ အတွက် ကြေးအိုး ဝယ်လာပေးတာ။"

"ဟာ...မဟုတ်တာ။ကျွန်တော် မယူပါရစေနဲ့။"

သူ့ရှေ့သို့ ရောက်လာသော ကြေးအိုး ထုပ်ကို ရှောင်ဖယ်ရန် ခြေလှမ်းကို နောက်သို့ ဆုတ်လိုက်သည်။သူ တလှမ်းဆုတ်တိုင်း ကြွေရုပ်ကမ္ဘာ က ရှေ့တလှမ်း တိုးလာလေသည်။

"ယူပါ အကိုရယ်။စားစေချင်လို့ ဝယ်လာတာပါ။"

"ညီမ အိမ်က အမေကို ကျွေးလိုက်ပါ။အကို မယူပါရစေနဲ့နော်။ကျေးဇူးတင်ပါတယ်။"

ကြွေရုပ်ကမ္ဘာ က တဇွတ်ထိုး နိုင်မှန်း သူ သတိထားမိသွားပါသည်။သူ မယူမချင်းကို အတင်းပေးနေပြီး ကြေးအိုးကတော့ သူတို့နှစ်ယောက် ကြားထဲမှာ လုံးလည် လိုက်လို့နေသည်။တယောက်တလှည့် တွန်းထိုးပေးရင်းဖြင့် ကြေးအိုး၏ အိတ်ဟာ ကြွေရုပ်ကမ္ဘာ၏ လက်ကို သွားကပ်မိကာ ပူသွားလေပြီ။

"ဆောရီး....အရမ်းပူသွားလား။"

"အဲ့ဒါကြောင့် အကို ကို ပေးတာ ယူပါလို့ ပြောတာကို။"

ငိုမဲ့မဲ့ မျက်နှာလေးကြောင့် အရမ်းပူသွားမှန်း သူ ခန့်မှန်းမိသည်။လက်ကိုကြည့်လိုက်တော့ အသားဖြူသူမို့ အပူကပ်တဲ့ အနာက ရဲနေတာကို တွေ့ရသည်။မြင်ရတော့လည်း သူ အားနာလွန်းသွားသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now