အပိုင်း ( ၁ ) unicode

En başından başla
                                    

သူမဆေးရုံသို့ရောက်စဥ် တာ၀န်ကျဆရာ၀န်များမှ စမ်းသပ်ချက်အရ ဗိုက်ထဲမှကလေးသည် နှလုံးခုန်ရပ် သွား သည်မှာ မိခင်ထက်ပင်စောနိုင်သည်ဟု မှတ်ချက်ပြုသည်။ ထိုကြောင့် ခွဲမထုတ်ပဲ မူလအတိုင်းထားလိုက်ခြင်းပင်ဖြစ်သည်။ သူမသည် သူမကလေးကို လူ့လောကထဲခြေမချနိုင်သည့်တိုင်အောင် လူ့လောကကိုပြသချင်သည့် မိခင်တစ်ယောက်၏ စိတ်စေတနာဖြစ်သည်။

ထိုကြောင့်သူမကလေးကို သူမဗိုက်ထဲမှ အပြင်သို့‌ရောက်အောင် ရှောင်ကျန့်ကို အကူအညီတောင်းခံနေခြင်းပင်။ သည်နေ့အဖို့ရှောင်ကျန့်အရမ်းပင်ပမ်းနေသောကြောင့် နောက်နေ့မှသာလုပ်ပေးမည်ဟုပြောခဲ့သော်လည်း အိပ်ချင်စိတ် ပျောက်သည်အထိ သူမသည် သူ့နံဘေးငိုကြွေးနေခြင်းပင်ဖြစ်သည်။ ထိုကြောင့် ထိုသို့သောအချိန်မတော်ထလာခဲ့ရခြင်းပင်။

အချိန်အနည်းငယ်အကြာမှ ရှောင်ကျန့်ခွဲစိတ်မှုပြီးစီးသွားပြီဖြစ်သည်။ ဗိုက်ထဲမှအသက်မဲ့နေသည့်ကလေးကို မိခင် နံဘေး ကလေးအနှီးဖြင့်သေသပ်စွာထုပ်ပိုးထားလိုက်၏။ သူ့ဘေးသို့ရောက်ရှိနေပြီဖြစ်သည့် သူမသည် ၀မ်းသာအားရ ကလေးငယ်ကိုကောက်ချီကာ ရှောင်ကျန့်ကို ကျေးဇူးတင်သည့်အနေဖြင့် အကြိမ်ကြိမ်ဦးညွှတ်၍ သူမကလေးငယ် ကိုချော့ မြူကာ ထွက်ခွာသွားလေသည်။

ရှောင်ကျန့်၏ တာ၀န်ပြီးဆုံးသွားပြီဖြစ်၏။ ထိုကြောင့် တာ၀န်ကျ၀န်ထမ်းကိုနှုတ်ဆက်ကာ ထိုနေရာမှပြန်ခဲ့ လိုက် သည်။သူ့လုပ်ရပ်ကြောင့် တာ၀န်ကျရေခဲတိုက်၀န်ထမ်းသည် သူ့ကိုအရူးဆရာ၀န်ဟုသတ်မှတ်လိမ့်မည်။ သူပေးလိုက်သော စက္ကူအိတ်ထဲမှ ငွေစက္ကူများကြောင့်သာ နှုတ်ပိတ်နေခြင်းသာဖြစ်၏။ ထိုသူအတွက်လည်း ပထမဆုံးအတွေ့အကြုံ မဟုတ်သော ကြောင့် ထူးဆန်းမနေတော့ပေ။

...........................

"ဟာ မြေးလေး ပေါ်ပေါ် ဘာဖြစ်လာတာလဲ။ ခြေထောက်ထိလာပြန်တာလား။ "

မြေးဖြစ်သူ ၀မ်ရိပေါ်ကို သူငယ်ချင်းဖြစ်သူမှတွဲကာ အိမ်ထဲ၀င်လာသောကြောင့် ၀မ်လင်းယွင်မေးလိုက်ခြင်း ဖြစ်သည်။

"ဖိုး..ကျွန်တော်ဘာမှမဖြစ်ဘူး စိတ်မပူနဲ့။"

၀မ်ရိပေါ် စိတ်ပူသွားသည့် အဖိုးဖြစ်သူကိုလှမ်းပြောကာ ဧည့်ခန်းဆိုဖာပေါ်၀င်ထိုင်လိုက်သည်။

The Edge of Shored (Completed)Hikayelerin yaşadığı yer. Şimdi keşfedin