"မလိုက်ဘူး"

တအိအိနဲ့ကျဆင်းလာသော မျက်ရည်စက်တွေ..သူတို့အကြောင်းကို သိရှိသူတွေဟာ စစ်နတ်ဘုရား၏ရက်စက်မှုအပေါ် ဒေါသပြင်းစွာထွက်ကြလေ၏။သို့သော်လည်းဘဲ သူတို့နှစ်ယောက်၏ စကားဝိုင်း၌ဝင်ရောက်မစွပ်ဖက်ခဲ့..

"ဘာ..လို့..လဲ"

"ငါ့အကြောင်း..မင်းသိလို့လား..မင်းအပေါ်လိမ်ညာ.."

"သိတယ်!!!ဟင့်...အားလုံးကိုသိတယ်!!အဲ့နေ့ကရှောင်နဲ့သူ(ကောင်းကင်အရှင်)ပြောထဲက...အင့်...နိုးနေခဲ့တာ..မူးဝေနေတဲ့..ဟင့်..ကျွန်တော်ရှင်းလင်းစွာကြားမိတယ်...ရှောင်..ဟန်ဆောင်မှန်းကို!!..အင့်.."

"ငါဟာနတ်ဘုရား..မင်းက မိစ္ဆာပေါင်းဖက်ဖို့မဖြစ်နိုင်ဘူး..ကောင်းကင်ဘုံဟာ ငါ့အတွက်အရေးအကြီးဆုံးပဲ!!အချစ်ရေးဟာ ငါ့အတွက်အရေးမပါဘူး!!"

ပြတ်သားရက်လိုက်တာ ရှောင်ရယ်..

"ဟားဟား..သနားစရာကောင်လေး...ဖုန်ဟွာပြောတာကြားပြီလား!!မိစ္ဆာကောင်..ရှူး!!ရှူး!!ကောင်းကင်ပိုင်နက်ထဲကထွက်သွားစမ်း!!"

"ခင်ဗျားကြီးပါးစပ်ကိုပိတ်ထားစမ်း!!!!"

"ရိုင်းစိုင်းလိုက်တာ!!"

"ဟက်!!ကျုပ်ကကောင်းကင်ဘုံကိုဖျက်စီးနိုင်မဲ့..ကံြကမ္မာပိုင်ရှင်လေ!ဟင်း..ယခုလိုသာယာလှတဲ့နတ်ဘုံကို ဖျက်စီးပစ်ရင်ကောင်းမလား!!"

နားထင်ကိုလက်ဖြင့် အသာအယာကုပ်ခြစ်လို့စဉ်းစားနေသောနတ်သွေးနှောလေး..အေးစက်သော အမှောင်စွမ်းအင်ဟာထိုးထွင်းထွက်လာလေပြီ...ကံတရားကိုပြောင်းလဲ၍မရနိုင်..ပျက်စီးခြင်းဟာအစပြုခဲ့​ေလပြီ..

"ပိုင်လိ!စိတ်ထိန်းထားစမ်း!!...လက်ဆက်ပွဲလည်းပျက်သွားပြီလေ..ကောတို့မင်းချစ်ရသူကို စစ်ပွဲနိုင်ရင်သိမ်းယူလို့ရတယ်..မဖျက်စီးပစ်နဲ့.."

"စစ်နတ်ဘုရားကို..မင်းလို မိစ္ဆာကောင်ကဘယ်တော့မှမရနိုင်ဘူး!!သူဟာမင်းကိုမုန်းတယ်!!..မင်းသိလား..ယောကျာ်းသားဖြစ်ပြီးကပ်တွယ်နေလိုက်တာ..ရွံဖို့ကောင်းတယ်!!"

"ဟက်!!ဟားဟားဟား!!!ဟားဟား!!အဲ့ဒီလူဟာ ခင်ဗျားရဲ့သေမင်းဖြစ်ပေမယ်လေ..ဘယ်လိုလဲ.."

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now