ဗွမ်း...
ရုတ်တရတ်ဖြစ်လွန်းတာမို့ ကျွန်တော် လန့်သွားရသည်။ လှည့်ကြည့်တော့ သဘောတကျရယ်နေတဲ့ ညီမလေး။
"ရေမစိုသေးတာကိုကိုတစ်ယောက်ပဲရှိတော့တယ်"
ရယ်လိုက်တာပေမယ့် ကျွန်တော့်မျက်လုံးတွေရွေ့သွားရာက မလှမ်းမကမ်းမှာ ထိုင်နေသူဆီ။ ကျွန်တော့်ကိုကြည့်နေရင်း မျက်မှောင်တွေတွန့်ချိုးသွားပုံကို ညီမလေးကလည်းမြင်ပုံရသည်။
"အမယ်လေး တိုနေပြီ။ ဒါတောင်ညီမအရင်းခေါက်ခေါက်ကလောင်းတာနော်။ သူစိမ်းသာဆိုရင် သွားဖုံးနဲ့သွား လမ်းခွဲနေရလောက်မယ်ထင်တယ်"
"အခါကြီးရက်ကြီးမှာ တစ်ပါးသူကိုစိတ်မချမ်းမြေ့အောင်မလုပ်ရဘူးလေ ညီမလေး။ အပေါ်တက်ပြီးအဝတ်လဲလိုက်ဦး။ တစ်ကိုယ်လုံးလည်းရွှဲနေတာ အအေးပက်မယ်"
"ဟုတ် ကိုကို"
ဟုတ်လို့သာပြောတာ ဇာမဏိဘက်လှည့်ပြီးလျှာထုတ်ပြောင်ပြသွားတဲ့ ညီမလေးကို ဇာမဏိကလည်း မှုန်တေတေကြည့်နေဆဲ။ ဘေးမှာ ကစားနေကြတဲ့ ဂျူနီယာနေသော်ညီအစ်ကိုက ဇာမဏိနားရောက်လာပြီး မုန့်လုံးရေပေါ်တွေ ခွံ့ကျွေး၏။ ကျွန်တော် ဇာမဏိနားမရောက်ခင်ဘဲ နားရွက်ကားကားနှစ်ဖက်ရဲတက်လာသူက ပါးပြင်တို့ပါ ရဲစွေးလာသလိုပင်။ တခွိခွိထရယ်တဲ့ ညီအစ်ကိုကို ဒီတစ်ခါ စူးစိုက်ကြည့်ရသူက ကျွန်တော်။ အစားအသောက်တွေလုပ်နေသည့်နေရာမို့ ထွေးထုတ်ပစ်လို့လည်းမရဘဲ ဝေဒနာဖြစ်နေသူနား ကျွန်တော့်ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားလိုက်ရ၏။
"ကိုယ့်လက်ထဲထွေးလိုက် ဇာမဏိ"
ခေါင်းခါပြသူက နေရာမှထပစ်၏။ ကျွန်တော်ပါထရပ်လိုက်ရပြီး သူ့နှုတ်ခမ်းကိုအုပ်ကိုင်လျက်နဲ့ အတင်းထွေးခိုင်းရတော့သည်။
"ဘာမှမဖြစ်ဘူး ကိုယ့်လက်ထဲထွေးလိုက်"
အစပ်မစားနိုင်သူရဲ့ ကျောပြင်ကိုပွတ်သပ်ပေးပြီး နှုတ်ခမ်းတွေကြားထဲ လက်ချောင်းတို့နဲ့ပွတ်သပ်ပစ်လိုက်မှ ကျွန်တော့်လက်ထဲထည့်ပေးလာသည့် သူ့ဝေဒနာ။
![](https://img.wattpad.com/cover/231329378-288-k948086.jpg)
Thingyan Special
Magsimula sa umpisa