ရွှေရင်အေးတွေကို တစ်ခါသုံးဖော့ခွက်တွေထဲထည့်ပြီး ဖြတ်သွားသမျှ ကားနဲ့ လူတွေဆီမျှဝေနေသူက ကျွန်တော့်လို ရှပ်အဖြူ၊ ယောပုဆိုးညိုညိုနဲ့။ ကလေးတွေနဲ့လုံးထွေးသွားတဲ့ ကျွန်တော့်ကိုကြည့်ပြီး ပြုံးသူကြောင့် ကျွန်တော့်ရင်ဘတ်တစ်ခုလုံး ရွှေရင်အေးအရသာထက် ချိုအေးသွားသလိုပင်။ ကျွန်တော့်ကိုမြင်တော့ လုပ်လက်စတွေကိုချပြီး ပိတောက်တစ်ခတ်ကိုင်လို့လျှောက်လှမ်းလာ၏။
နေရာမှာပဲရပ်စောင့်နေတဲ့ကျွန်တော့်အိတ်ကပ်ထဲနေရာယူလာတာ အနံ့သင်းသင်းနဲ့သစ်ရွက်စိမ်းစိမ်းတို့ကြားရွှင်လန်းဝင်းဝါနေသည့်ပိတောက်တစ်ခတ်။"သင်္ကြန်ကအခုမှ ပြည့်စုံသွားတာ"
ဘေးနားမှာကလေးတွေရှိတာကြောင့် ခြေတစ်လှမ်းအကွာမှ နှုတ်ခွန်းခြွေသူ။ ပိတောက်ခတ်လေးကိုပင့်မယူပြီး ကျွန်တော်ငုံ့မွှေးပြလိုက်တော့ အပြုံးတွေပိုပီပြင်သွားသူက ကျွန်တော့်ကိုငေးတာ မေ့မေ့မူးမူး။
"အဟမ်း အဟမ်း ဟမ်း!"
လုပ်ချောင်းသံကြီးထွက်လာတာ မုန့်လုံးရေပေါ်တွေလုံးနေတဲ့ စန္ဒာဇော်ဝင်းဆီက။ ကျွန်တော်ရယ်ပေမယ့် လူကြားထဲအနေအထိုင်ဆင်ခြင်လွန်းသူက လုံးပြီးသားမုန့်ဗန်းကိုသယ်မပေးပြီး ဖြိုးလေးနားရောက်သွား၏။ အုန်းလက်အရိပ်အောက်အေးချမ်းနေတဲ့ အတာသင်္ကြန်ရက်ထဲ ရယ်သံတွေက ဝေါခနဲ။ ပျော်ရွှင်မှုတွေက သီချင်းသံစဥ်တွေထဲမြူးကြွခုန်ပေါက်နေကြ၏။
ဒီဘက်အိမ်ရာဝင်းမှာ စတုဒိသာကျွေးတယ်ကြားတော့ ကပ်လျက်အိမ်ရာဝင်းနဲ့ နီးစပ်ရာရပ်ကွက်ကကလေးတွေပါ ရောက်လာပြီးအဖွဲ့ကျသွားတာမို့ မနက်ခင်းမုန့်လုံးရေပေါ်နှင့် ရွှေရင်အေးကပြိုက်ခနဲပင်။
"ကိုကိုထားလိုက်တော့ ကျွန်တော်လုပ်လိုက်မယ်"
နေ့လယ်စာအတွက် ဘုန်းကြီးကျောင်းမှာ စားပွဲခုံဝိုင်းတွေသွားငှားလာသည့် ဂါမဏိက ရေစိုတစ်ဝက်ခြောက်တစ်ဝက်။ ငါးခြောက်ထောင်းကြော်ပြီးသွားတဲ့ ကိုပြည့်နဲ့ ရဲဘုန်းကပါ ဂါမဏိကိုဝိုင်းကူလာတာမို့ မုန့်လုံးရေပေါ်အိုးတွေသိမ်းနေသည့်နား ကျွန်တော်သွားဖို့ပြင်နေတုန်း...
Thingyan Special
Start from the beginning