ဤပွဲသည် သိပ်ကိုခမ်းနားကြီးကျယ်လှသည်။အို..ခမ်းနားလှတာလဲမပြောနဲ့လေ..ကောင်းကင်အရှင်၏နှမတော်..ပန်းနတ်ဘုရားဇီဖန့်နဲ့..ဘုန်းကျက်သ​ရေနှင့် ပြည့်စုံသော လောကစစ်နတ်ဘုရားဖုန့်ဟွာရှောင်ကျန့်တို့၏ လက်ဆက်ပွဲမင်္ဂလာဖြစ်သည့်အလျောက် ဤမျှတော့ရှိရမှာပေါ့..

ကာယကံရှင်တွေကလွဲ၍ ပျော်ရွှင်နေသောလက်ဆက်ပွဲ၊နှလုံးသားကိုချနင်းလို့ လက်ဆက်ခဲ့ပါသောစစ်နတ်ဘုရား..အဆုံးသတ်သည်ကာအဘယ်သို့နည်း...

>>>

"အရှင်မက ကျက်သရေအဖြာဖြာနဲ့ပြည့်စုံလိုက်တာ.."

"ဟုတ်မှန်ကြောင်းပါ..စစ်နတ်ဘုရားသာမြင်ရင် ချီးမွန်းထောပနာပြုမှာပါ.."

အနီရောင်ပျိုနီပိုးသားထည်၌ ကျေက်နီ၊ငွေမှုံ၊ရွှေမှုံတို့ဟာ အထည်ရဲ့အလှကို ပံ့ပိုးကူညီထားသည်။နှုတ်ခမ်းတော် နီထွေးထွေးကို ဆေးနီပါးပါးကူထားသောကြောင့် ဝင်းမဲ့နေသောစတော်ဘယ်ရီသီးလေးကဲ့လို့ရွှန်းရွှန်းစိုနေလေရဲ့..ပါးအို့အို့လေးမှာချယ်သထားတဲ့ ပါးနီ​ေလးအပြင်ရှက်ရွံ့မှုကြောင့်လည်း..နီဖျော့ဖျော့လေးဖြစ်နေလေ၏။ထိုမိန်းမပျိုသည် အလှနတ်ဘုရားမ..ဟုကောင်းကင်တစ်ခွင်လုံးတင်စားထားသော..ပန်းနတ်ဘုရားမပင် ဖြစ်လေသည်။

"အဟင်း..နတ်သမီးငယ်တွေကိုဆုတော်ချီးမြှင့်စေ.."

"အရှင်မ..မင်္ဂလာအချိန်အခါကျရောက်လာပါပြီ..ပုဝါနီလေးအုပ်လိုက်ကြတော့!!"

ဖြေးညှင်းစွာ သူမ၏ချစ်ရသူထံသို့ ပျော်ရွှင်မှုအပြည့်ဖြင့်လျှောက်လှမ်းခဲ့သည်။စင်​မြင့်ထက်၌ သူမကိုစောင့်ဆိုင်းနေသော အကြင်သူကိုပုဝါအောက်မှဝေဝေဝါးဝါး မြင်လိုက်ရသည်။အို..ဤပြီးပြည့်စုံသောနတ်ဘုရားသည် မကြာမီတွင်သူမ၏သက်ဆိုင်သူဖြစ်လာတော့မည်..

ဝါဖန့်ဖန့်အသားရေ၌ အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆက်ထားသောစစ်နတ်ဘုရားသည် တခြားသောအချိန်များထက် ပို၍ခန့်ညှားနေလေ၏။တင်းတင်းပိတ်ထားသော နှုတ်ခမ်းတော်ကြောင့် ဘေးကမှဲ့နက်ကလေးသည်ထင်း​ေနလေ၏။

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now