"Kim Tae Hyung...!!!"
"ဘာလို့အရမ်းအော်တာလဲ Hyungရဲ့...."
တနေကုန် တညလုံးနဲ့ နောက်နေ့မနက်10နာရီလောက်မှာအိမ်ပြန်ရောက်လာသူTaeဟာ ပုံမှန်ပါပဲ
လူပျောက်ကြော်ငြာထည့်ဖို့တောင် အကုန်စီစဥ်ပြီးကာ တမြို့လုံးလူအပြည့်ဖြန့်ချကာ ရှာဖွေခဲ့ရသူJin Hyungသည် ရင်တခုလုံးလောင်မြိုက်နေမှုတွေဟာပြောပင်မပြတတ်ခဲ့.....။ချစ်လွန်းရတာတွေက မိဘတွေမရှိတည်းက မျက်စိအောက်မှာပဲ သူ့လက်နဲ့သေချာကြီးပြင်းစေခဲ့သူဟာ တရက်ထဲဆိုပေမဲ့ ရက်ပေါင်း1000ထောင်လောက် ပျောက်သွားခဲ့ရသလို စက္ကန့်တွေတိုင်းပူလောင်မှုတွေနဲ့ အပူတပြင်းတညလုံးမအိပ်ရ လိုက်ရှာနေခဲ့ပါသည်....။
Taeပြန်ရောက်နေပြီဟု အိမ်အကူအဒေါ်ကြီး ကဖုန်းဆက်လာတဲ့အခါ Jin Hyungသည် ရောက်ရာအရပ်ကနေ အပြေးအလွှားပြန်လာခဲ့တော့ Taeသည် မီးဖိုခန်းထဲ စတော်ဘယ်ရီဖျော်ရည်တခွက်နဲ့ သူ့ကိုစောင့်နေခဲ့သည်.....။
"ဟုတ်သားပဲ သားရယ်ကလေး စားနေတဲ့ဟာ အရမ်းမအော်ပါနဲ့...."
"ဘယ်တွေရောက်နေခဲ့တာလဲ....ငါသေမလောက် စိတ်တွေပူနေမယ်ဆိုတာမသိဘူးလား....နာရီတွေဘယ်လောက်များများ ငါလမ်းပေါ်မှာအချိန်ကုန်နေလဲသိလား...!!"
"မရည်ရွယ်ပါဘူး ကျနော်လိုင်းမမိတဲ့နေရာရောက်နေတာကလွဲရင် အန္တရာယ်ကင်းကင်းတချိန်လုံးရှိနေခဲ့ပါတယ်....."
"ဘယ်နေရာလဲ... ဘာသွားလုပ်တာလဲ Jeon Jung Kookနဲ့လဲရှိနေတာမဟုတ်ဘူး ဘယ်သူနဲ့လဲ.....!"
"အသိတယောက်နဲ့...."
"Kim Tae Hyung!!!"
တည့်တည့်စိုက်ကြည့်အော်တော့ Taeမျက်လုံးလေးတွေသိသိသာသာပင် ငယ်ကျသွားသည်.....။
"Tae ဒါလေးကုန်အောင်သောက်ပါရစေလား....ပြီးမှ Hyungဆက်ဆူလို့ရတယ်မလား"
ဖျော်ရည်ခွက်လေးမြှောက်ပြကာ Taeသည် အနိမ့်ဆုံးလေသံလေးကိုသုံးကာ ပြောလာတော့ အနီးနားမှခုံတခုဆွဲယူကာ Jin Hyungသည် Taeအနားတွင်ကပ်ထိုင်လိုက်သည်......။
"ဘာတွေဖြစ်ခဲ့တာလဲ ကလေးလေးရယ် Hyungကိုအမှန်တိုင်းပြောပြလေ ဟိုတခါ မတော်တဆဖြစ်ပြီးကတည်း Hyung မင်းကိုတခါလေးမှ စိတ်ချလက်ချ ရှိမနေတော့ဘူးနော် Hyung ကလေးလေး....."
![](https://img.wattpad.com/cover/268165564-288-k506697.jpg)