🔥☕19🥃🔥

3.1K 282 16
                                    

📩မသေသေးဘူးဆိုရင်ငါ့ကိုအဆက်သွယ်ခုလုပ်နော်....📩

📩ဘယ်ရောက်နေလို့ဘာအဆက်သွယ်မှလုပ်လို့မရတာလဲ...📩

📩လူပျောက်ကြော်ငြာထည့်ပေးဖို့ လိုနေပြီလားHoSeok....📩

Min Yoongi Leave groupchat..!
Rain Leave groupchat...!

📩ဟိူနှစ်ကောင်က ဘာကိစ္စထွက်သွားတာလဲ....📩

Mark Leave groupchat....!

"F..!"
"အကုန်သေချင်နေကျတာ...."

Min Yoongi,Rain,Mark...add groupchat...."

ဆံပင်ကရေတွေ Computerပေါ်သို့ တတောက်တောက်ကျနေကာ ဘောင်းဘီတိုတထည်နဲ့ ထိုင်ခုံပေါ်ဆောင့်ဆောင့်ထိုင်ပြီး Mouseပေါ်ကလက်ညှိုးလေးသည်အငြိမ်မနေပါ.....။

နွားနို့ပူပူကို ယူသောက်ပြီး မတည့်အတူနေ သူငယ်ချင်းကိုစိတ်ပူနေတာကြောင့် JiMin Groupထဲတွင်သောင်းကြမ်းနေခဲ့သည်.....။

စိတ်ထဲထင့်နေပြီဆို ပတ်ဒုက္ခပေးလိုက်ရမှ ဘယ်သူမှရှောင်ဖယ်ပြေးတာမျိုးကို အဆိုးလေးကလက်မခံနိုင်ရှာပေ.....။

တဘက်တခုခေါင်းပေါ်တင်ကာ လျှော်ထားတဲ့ခေါင်းကို မသုတ်ပဲဒီတိုင်းနေနေကာ အင်တာနက်တချက်ဟိူကြည့်ဒီကြည့်လုပ်နေရင်း နွားနို့ခွက်ကိုအကုန်ကုန်စင်အောင်သောက်လိုက်သည်....."

အသည်းကွဲနေသော နှုတ်ခမ်းနီမလေးတွေရဲ့Feel postတွေကိုလိုက်ကြည့်ကာ လှောင်ရယ်သံလေးတွေထွက်လာခဲ့သည်...."

"ဟာသပဲ....ဘာတွေစိတ်ကူးယဥ်နေကျမှန်းမသိဘူး ရမှာလဲမဟုတ်ပဲနဲ့"

လှောင်ရင်းပြောင်းရင်း Mouseပေါ်ကလက်ကလေးတွေလှုပ်ခြားရင်းနဲ့
Feedပေါ် တက်လာခဲ့သော Captionမပါတဲ့Jeonဓာတ်ပုံတခု....။

Mouseပေါ်ကလက်တွေ လှုပ်ရှားမှုရပ်တန့်သွားသည်....Screenအပြည့် ရုပ်ဆိုးကောင်ရဲ့မျက်နှာအစိတ်ပိုင်းတွေကို စက္ကန့်တွေလောက်တော့ စေ့စေ့စပ်စပ်လိုက်ကြည့်မိသည်.....။

"ဒါသူ့Fansတွေကိူချော့တဲ့Postလား...ရိုးလိုက်တာ commentတွေလိုက်ဖက်ကြည့်ရန်နှိပ်လိုက်သည်...."

ဝင်ဝင်ချင်းHate speachတွေဆက်တိုက်တက်လာတော့ JiMinမျက်ခုံးတွေ ထိလုမတတ် တွန့်ချိုးသွားသည်....ဒါမျိုးဖတ်ဖို့မျှော်လင့်ခဲ့တာမဟုတ် သူ့Fansတွေရဲ့ ဘယ်လိုနားလည်ပေးကြောင်း ယုံကြည်မှုရှိကြောင်းနဲ့အမြဲတမ်းထောက်ခံအားပေးသွားမယ်ဆိုတာမျိုး ပျော်စရာတခုခုဖတ်ရအောင်ဝင်ဖတ်မိခြင်းဖြစ်သည်....။

The Other Side Of LoveWhere stories live. Discover now