Intro

12.4K 465 15
                                    


"ခင်ဗျားတို့ ဘဝရဲ့အနှစ်သာရကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကျလဲ?"

"ကျွန်တော်အနေနဲ့တော့ လူတွေကို ဒုက္ခပေးရတာကိုကြိုက်တယ် (ဥပမာ)သူ့ကိုဒုက္ခပေးရတာကို ကျွန်တော်သ်ိပ်​ကြိုက်တယ်......."

"နှာဖူးကြောတွေများ တင်းသွားရင် Whisky တွေ လည်ချောင်းထဲဖြည်းဖြည်းချင်း စီးကျသွားတဲ့Feelingမျိုး...."

"Park JiMinလို့များ တိုင်တည်ဒေါသထွက်တဲ့အခါမျိုးဆို ဖဲချပ်တွေချိုးနေရတဲ့အချိန်တွေထက် စိတ်လှုပ်ခြားမှုကိုယ် နှိုးဆော်နိုင်တဲ့ မာန်...."

"ဒေါသတွေလျှံကျလာရင် ဖြစ်သွားတတ်တဲ့ လှုပ်လှုပ်ခတ်ခတ်ပုံသဏ္ဍာန်လေးကိုမြင်ရရင် ပြိုင်ကားထက် အရှ်ိန်ပြင်းပြင်း လွင့်နေရသလိုမျိုးတွေ"

"သူ့တနေ့တာကိုများ မနှောင့်ယှက်ရရင် သိပ်ကြိုက်ရတဲ့ စီးကရက်တွေတောင် အရသာမဲ့သွားတာ ပြစ်ချက်မဲ့ခမ်းနားမှုလေးကို ဒုက္ခနွံထဲနှစ်ရတာက ဘဝရဲ့အရသာပဲ...."

"ဒုက္ခကောင်လို့ ခေါ်လိုက်တိုင်း စီးကရက်တွေဖွာပြီး မသိချင်ယောင်ဆောင်ပစ်မယ် ဘဝကတိုတယ်လို့ တရားလာမပြနဲ့ မဆုံးနိုင်တဲ့ဒုက္ခရှည်တွေ လက်ဆောင်ပေးမယ်....."

"အချစ်လို့ တလွဲခေါင်းစဥ်တွေလာတပ်ရင် Whiskyနဲ့မှောက်အောင်မူး မသိဘူးလို့ဇွတ်ငြင်းလိုက်မယ်......"

"အချစ်ကိုမသိဘူး ဒုက္ခပေးဖို့ကလွဲရင် ကျွန်တော်မသိဘူး...."

ParkJiMin

"တန်ဖ်ိုးကြီးလို့ ကြည့်မရတာပါဆိုရင် ခွာချလို့မကုန်နိုင်တဲ့ ကျွန်တော်ခမ်းနားမှုတွေကို ဘယ်ဂြိုလ်တွေအထိ လွှင့်ပစ်လိုက်ရမလဲ......"

"တချို့အတ္တသမားတွေကျတော့ ရန်ငြိုးမရှိပါဘဲ ဇွတ်မုန်းတယ်ပြောပြီး ကျွန်တော်တို့ဘဝထဲ အရွဲ့တိုက်ရှင်သန်နေကျတာ....."

"Whiskyတွေရဲ့ အရသာကိုပဲခံစားတတ်တဲ့ သူမလို့ အချစ်ကိုတော့သူမသိပါဘူးတဲ့ လိမ်တာ သိပ်ပြောင်မြှောက်တဲ့အလိမ်ညာစကားတွေပဲ..."

"မုန်းတယ်လို့ ထပ်ခါထပ်ခါထွက်ကျလာတဲ့ အင်အားပြင်းနှုတ်ခမ်းတစုံနဲ့ မမုန်းခဲ့ဖူးကြောင်း ရှင်းရှင်းလင်းလင်းတွေ့နေရတဲ့ မျက်ဝန်းတွေကြား ကျွန်တော်စိတ်ရှုပ်လွန်းလို့ ​စတုတ္ထမြောက်ဝရံတာကနေ ခုန်ချပစ်ချင်ခဲ့တာ အကြိမ်တရာမကခဲ့ဘူး...."

The Other Side Of LoveHikayelerin yaşadığı yer. Şimdi keşfedin