🔥☕15🥃🔥

3.3K 316 23
                                    

"HoSeokလာဝိုင်းစမ်းပါအုံး....သေတော့မဲ့လူနာလို ကုတင်ပေါ်ကကိုမဆင်းတော့ဘူး......"

ဆေးလိပ်ကိုနှုတ်ခမ်းဖြင့်ကိုက်ကာ ဖဲချပ်ဖွင့်နေရင်းမှ JiMin အိပ်ယာပေါ်မှ Seokအား မာန်မဲကြည့်ကာပြောနေသည်.....။

"မလာဘူး မင်းတို့ကောင်တွေကို ငါအရမ်းကျေနပ်နေတယ်မထင်နဲ့....."

"နိုင်ရင် မင်းအကောင် နောက်ထပ်ထုတ်မဲ့Gucci Brandတခု ငါလက်ဆောင်ပေးမယ်....လာငါနဲ့အတူတူလာဆော့"

"မင်းဝယ်ပေးမှလား....ငါဟာငါ Gucci brandမကဘူး Gucci Kingကိုပါ အပိုင်ဝယ်နိုင်တယ် လာမြူစွယ်မနေနဲ့....."

"Kim Tae Hyungကိုရော သေချာမြင်ဖူးလို့လား HoSeokရာ ရမ်းသမ်းကြိုက်နေတော့တာပဲ....."

Seokသည် ဖုန်းကိုင်ကာ အိပ်ယာပေါ်ကပြေးဆင်းလာပြီး ဖဲဝိုင်းဆီကJiMinနားရောက်သွားသည်......။

"ဒီလောက်ထိ နိီးနီးကပ်ကပ်ကို​မြင်ဖူးတာပေါ့....."

Seokသည် JiMinအားပုခုံးကနေဆွဲလှည့်ကာ နှာခေါင်းချင်းထိလုမတတ် မျက်နှာအားတိုးကပ်ပြီး ပြုံးဖြဲဖြဲမျက်နှာနဲ့ ပြောလိုက်သည်.....။

JiMinသည် လက်ထဲကဖဲချပ်တွေနဲ့Seokမျက်နှာကို ရိုက်ကာတဖက်သို့ပြန်လှည့်သွားသည်....ယုံစရာလားဆိုတဲ့ သဘောနဲ့ အရူးတယောက်ကိုကြည့်သလိုအကြည့်နဲ့ Seokအကြည့်ခံလိုက်ရသည်.....။

JiMin Seokစကားကိုမယုံပါ....သူKim Tae Hyungကိုဘယ်လောက်အမြင်ကပ်တယ်အော်နေလဲ Kim Tae Hyungကို သေချာမမြင်ဖူးခဲ့ဘူး မြင်ရတွေ့ရဖို့လဲခက်ခဲကာ ငယ်ငယ်လေးTaeကိုသာ သူသေချာသ်ိသည်
ကြည့်မရနေခြင်းသည် ဆံပင်ခွေလိမ်လိမ်တွေမြင်ရင်ကို ရင်ထဲပူလောင်ပါသည်
တွေ့လဲမတွေ့ချင်သလို ကြည့်လဲမကြည့်ချင်ပဲ Kim Tae Hyungဆိုရင်ကို ပုံသေနည်းက မုန်းစရာ.....။

"တကယ်ပြောတာ တွေ့လား ဒီပလာစတာလေး Kimကိုယ်တိုင်သေချာကပ်ပေးထားတာ
ကားလဲတူတူစီးရတယ်
စကားတွေလဲအများကြီးပြောတယ်
ရန်မဖြစ်ဖို့လဲမှာတယ်
ဝက်ခြံတွေထွက်နေလို့ Skin Care typeတွေလဲညွှန်းပေးသေးတယ်
ငါကသူ့Fanလို့ပြောလိုက်တော့ လက်မှတ်တောင်ထိုးပေးလို့ အဲအကျီတောင်ငါမလျှော်ပဲ ဟိုမှာ ခေါက်သိမ်း...."

The Other Side Of LoveWhere stories live. Discover now