🔥🥃7 Part1☕🔥

2.7K 281 19
                                    

Whisky အရောင်လဲ့လဲ့ကို လက်ဖျားတွေနဲ့ သေသေသပ်သပ်ကိုင်လှုပ်ကာ ကြည့်နေသော မျက်လုံးတွေသည် Club မီးရောင်စုံတွေကြား တီးလုံးသံတွေကြားထဲ သိပ်ကိုဆွဲဆောင်မှုရှိလွန်းသည်.....။
တချက် တချက် ပြုံးရိပ်သမ်းသွားသော ဖူးကြွကြွမျက်နှာလေးသည် Clubထဲက ကျားမ မရွေးက ဝိုင်းငေးရသည်.....။

လုပ်ချင်တာကို လုပ်နေတဲ့အချိန်ရယ် လုပ်ချင်တာကို လုပ်ပြီးသွားတဲ့ အချိန်တွေမှာ Park JiMinက ပိုကြည့်ကောင်းကာ ပိုမိုက်သော ပုံစံတွေနဲ့ လွှင့်နေတတ်သည်......။

"Whiskyတွေပါဟ JiMinah မမြင်ဖူးတဲ့အရာလို စိုက်ကြည့်နေတာ သောက်အုံးမှာလား....."

နည်းနည်းမှန်နေပြီဖြစ်တဲ့ Rainသည် Whiskyတခွက်နဲ့ အလုပ်ရှုပ်နေသော JiMinပုခုံးတဖက်ကို လှမ်းဖက်ကာ မေးလိုက်သည်......။

"အရက်ခွက်ကြီး ကိုင်ပြီး ပြုံးပြုံးကြီးလုပ်မနေစမ်းနဲ့ နေ့လည်က ကျောင်းကဟာလေး အကြောင်းပြောစမ်းပါအုံး ငါတို့ကိုလျှိုထားတာလား...."

"Honeyကို ပြောတာလား....."

JiMinသည် တွေးစစနဲ့ အရက်ခွက်ကို နှုတ်ခမ်းနဲ့အသာတေ့ကာ အရသာခံသောက်လိုက်ပြီး Seokမေးခွန်းအား မေးခွန်းပြန်ထုတ်လိုက်သည်......။

"အေး မင်းဟာ မင်းဟာလေးလေ....."

"ပေါက်ပေါက်ရှာရှာ ဘယ်က ငါ့ဟာကမှာလဲ ဆုံဖူးတာမှ နေ့လည်ကရောဆို နှစ်ခါပဲရှိသေးတာ ရိုးရိုးသားသားပဲ မတော်တဆသိခဲ့တာလေး..."

"မသိဘူးလေ မင်းရုပ်ကြီးက စော်ရလို့ အပျော်လွန်နေတဲ့ရုပ်ကြီးလို ပြုံးစိစိနဲ့......"

"ပြုံးမိလို့လား ပုံမှန်ပါပဲ....."

"ပုံမှန်ဆိုရင်လဲ ပြီးတာပဲ ကမ်းပေ့..."

4ယောက်လုံး ခွက်ချင်းတိုက်ကာ ကိစ္စကြီးတခုခု အောင်မြင်လာရသလို ခံစားချက်မျိုးကိုရနေသော JiMinမျက်နှာသည် Clubမီးရောင်စုံတွေအောက် ပြုံးပျော်ရွှငိနေသည်......။

သုံးခွက်ထက်မနည်း ဝင်သွားတဲ့အခါ Seok Rainနဲ့ Markတို့ သုံးယောက်သည် တီးလုံးသံတွေကြား ခန္ဓာကိုယ်လေးတွေ စီးချက်နဲ့အညီ လှုပ်ခြားလာခဲ့သည်.....။
ဒီတခေါက် MinYoonGiတော့ပါမလာခဲ့ နိုငိငံအကြီးကဲဖြစ်တဲ့ သူ့အဖေရဲ့ မွေးနေ့ပါတီရှိလို့ဆိုကာ ကျန်ခဲ့ရသည်......။

The Other Side Of LoveWhere stories live. Discover now