🔥☕Ending Part1🥃🔥

3.9K 232 7
                                    

"ရေခဲမုန့်တွေအရည်ပျော်ကျလာပြီ Taehyung....!"

တယောက်ရဲ့လက်တယောက်တွဲကာ လက်တဖက်စီမှာလဲရေခဲမုန့်တခုစီကိုင်ပြီး နယူးဇီလန်မြို့ထဲ အဖြူရောင်ဖိနပ်ကလေးနှစ်စုံသည်လွတ်လပ်ပေါ့ပါးစွာ။

"ငါကူစားပေးရမလား JiMin...."

"ကျွေးပါဘူး....."

မနေ့ကမှကြည့်မရတဲ့သူတွေဖြစ်နေခဲ့ပေမဲ့ ဒီနေ့လိုကျတော့လဲတယောက်လက်တယောက်ဆွဲကာ Jeonနဲ့Seokကိုပင်အဖက်မလုပ် လျှောက်သွားလျှောက်စားတဲ့နောက် မြင်သမျှဟာတွေဝယ်ထားတဲ့အထုတ်အပြည့်နဲ့Jeonတို့သည် လိုက်ရင်းမောလဲမမောနိုင် ။

လက်ထဲကရေခဲမုန့်ကိုကုန်အောင်နှစ်ယောက်မြန်မြန်အပြိုင်စားပြီး ပါးစပ်တွေလက်တွေမှာပေကျံနေတာမို့ နှစ်ယောက်သား Jeonနဲ့Seokဆီပြန်ပြေးလာသည်။

"ကိုကိုရေပေနေပြီ...."

"ယောင်္ကျားရေ လုပ်ပါအုံးလက်တွေကို...."

ရယ်ကျဲကျဲနဲ့အမွှေစိန်လုပ်နေသောTaeနဲ့လူဆိုးလေးသည် ကိုယ်စီဆိုင်ရာပိုင်ရာဆီပြေးချွဲတော့ တရှုးကိုယ်စီထုတ်ကာ နှုတ်ခမ်းတဝိုက်နဲ့လက်တွေကိုသုတ်ပေးရတဲ့သက်ဆိုင်သူတွေသည် စိတ်ရှည်လက်ရှည်ပါပဲ။

"ကလေးကျနေတာပဲ...."

"ကိုကို့ကလေးပဲဟာ....."

မြို့ပတ်လမ်းတွေ အထူးနေ့တွေမှမဟုတ် အချိန်ပြည့်စီးကားနေသော မြို့ပြကြီးသည် ဆိုးလ်နဲ့အနည်းငယ်ကွဲပြားတာမို့ နှစ်ယောက်သားပျော်လို့မဆုံး.....။

"Taehyung ဟိုဘက်.....!"

Taeလက်ကိုအတင်းဆွဲပြေးကာ Couple thingအရာလေးတွေအရောင်းဆိုင်လေးထဲပြေးဝင်သွားပြန်သည်။

"လက်စွပ်တွေကများနေပြီ ဒါပေမဲ့ဝယ်ရမယ် ရီးစားယောင်္ကျားမရှိတဲ့သူတွေဆိုဝတ်ချင်လို့တောင်ဝတ်မရနော်....."

"စျေးကြီးမဲ့ပုံပဲနော်JiMin....."

"ယောင်္ကျားပါရင်စျေးမကြည့်ရဘူး Kim Taehyung မျက်လုံးမှိတ်ပြီးဝယ်ပစ်......"

ဒေါ်လာသန်းချီတန်တဲ့Brandတွေကိုကိုင်ကာလမ်းဘေးမုန့်ဆိုင်လေးမှာ မုန့်ဝယ်စားတော့မလိုပေါ့ပေါ့ပါးပါးဆိုနိုင်သူကဆိုနေပေမဲ့ Taeကတော့မထိရလို့ ဆိုင်းဘုတ်ချိတ်ထားတဲ့အရာလို လက်ကလေးတွေကိုရုတ်သိမ်းကာမျက်လုံးလေးတွေကတော့သေချာကြည့်နေသည်။

The Other Side Of LoveHikayelerin yaşadığı yer. Şimdi keşfedin