🔥☕26🥃🔥

3.3K 345 43
                                    

"ဒီနေရာကမာမီ လာချင်တိုင်းလာလို့ရတဲ့နေရာထင်နေလား....."

ရောက်ကတည်းက အိပ်ယာနဲ့ကျောတချက်မှမခွာသေးတဲ့ အဆိုးငယ်ဟာ အမေဖြစ်သူရောက်လာတော့လဲ အိပ်ယာပေါ်တွင်Laptopတလုံးပေါင်ပေါ်တင်ကာ တင်တင်စီးစီးပုံစံနဲ့ ရိုးသားစွာဝေဖန်ရရင် ရိုင်းတာပေါ့....။

"မာမီ သားကိုလာခေါ်တာသား...."

စကတ်ပန်းနုရောင်ပေါင်လည်လောက်နဲ့ ဒီလထုတ်Brandတခုတည်းက အဖြူရောင်အင်္ကျီခပ်လန်းလန်းကိုတွဲဝတ်ကာ ဆံပင်အဖျားတွေကို တန်ဖိုးကြီးပေးကောက်ထားသော အလှတရားဟာ အသက်20ကျော်သားတယောက်ရှိတယ်လို့ပြောရင် ယုံနိုင်ကျမှာမဟုတ်.....။

တန်ဖိုးကြီး Skin Careပေါင်းမြောက်များစွာနဲ့ ထိန်းသိမ်းထားသော အသက်50နီးပါးအမျိုးသမီးတဦးရဲ့Skinဟာ ရှိရင်းစွဲအသက်ထက်20လောက်ပိုနုနေပါသည်.....။

ကမ္ဘာပတ်ဖို့ဖန်တီးပေးနိုင်သော လက်တစုံဆိုပေမဲ့ လူဆိုးလေးအမြဲပုတ်ချခဲ့သော လက်တစုံလဲဖြစ်ခဲ့ပါသည်.....။

ပြည့်စုံလာလေ အဆိုးငယ်ရဲ့စ်ိတ်ထဲ ဒီဖြစ်တည်မှုဟာမှေးမှိန်လာလေပဲ.....ကမ္ဘာတခုဖန်တီးပေးနိုင်တဲ့အစွမ်းစတွေရှိလေ လက်ရှိကမ္ဘာမှာတောင်မနေချင်တော့လေပဲ.....။

စိတ်ရိုင်းတွေလို့သာ ဝေဖန်လာကျမှာ နုနုနယ်နယ်နှလုံးသားလေးကို မီးလောင်တိုက်သွင်းခဲ့တာတွေကိုတော့ ဖုံးဖုံးဖိဖိရှိခဲ့ကျတယ်.....လမ်းတွေချခင်းပေးတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဒဏ်ရာတွေကိုလာလာဖိတိုင်း နာလွန်းလို့ကြောက်ကန်,ကန်ပြန်မိတော့ မိဘနဲ့သားသမီးဆိုကာ ငရဲကိုသာအတင်းတွန်းပို့ခဲ့ကျသည်......။

အပြုံးတခု,ကောင်းသောအပြုံးတခုတော့မဟုတ် လှောင်ပြုံးတွေ ညီမျှခြင်းချပြကြည့်လို့မရတဲ့အထဲ ဒီလူနှစ်ယောက်ဟာထိပ်ဆုံးတွေကနေ နေရာယူထားကျတာ....သိပ်ခက်တဲ့ပေါင်းစည်းမှုတခုပဲ ကင်းကင်းပြတ်ပြတ်လုပ်ဖို့ကျ ကြိုးကိုင်သူမှာလဲ နှစ်ဖက်လုံးကိုကြည့်ရသေးသည်.....။

အတ္တတွေဖယ်ခွာလိုက်ရင် နစ်နာမှုဟာ သာတူညီမျှတွေပဲ အချ်ိန်ကျလာရင် ကိုယ်စီနားလည်သွားကျမှာ အတွေ့ကြုံတွေကပဲ ဒီအစိုင်ခဲတွေကိုချေဖျက်နိူင်မှာ ဘယ်သူတဦးတယောက်မှကြားဝင်ပေးလို့မရတဲ့ ပုစ္ဆာတွေဟာ ခက်ခဲကျမှာတော့အမှန် ....။

The Other Side Of LoveOpowieści tętniące życiem. Odkryj je teraz