Chapter 41

271 64 1
                                    

{Unicode}

[Vol-2: Chichén Itzá]
ဆိုလာရောင်ခြည်

ကျိုးရှန်း, "မင်း...သွားတော့ ကျင်းဝူးစက်ဝန်းကနေဖြတ်ပြီး ကိုယ့်အိမ်မက်ထဲကိုယ်ပြန်တော့"

ယွီဟောက်, "ငါတကယ်ထပ်မစတော့ပါဘူးကွာ၊ အခုငါတို့ဘာဆက်လုပ်ကြမှာလဲ? ခိုင်ခိုင်အိမ်မက်ထဲ ဝင်ကြမှာလား?"

ကျိုးရှန်းတစ်ယောက် မျက်နှာရှစ်ခေါက်ချိုးဖြင့်ဆိုသည်။

"မင်းဘာမေးမေးငါဖြေမှာမဟုတ်ဘူး၊ မင်းနဲ့လည်းစကားမပြောချင်ဘူးကွာ"

ယွီဟောက်, "ငါဘာမှထပ်မမေးတော့ပါဘူး"

ကျိုးရှန်းတစ်ယောက် ဒေါသမီးများလောင်ကျွမ်းနေခဲ့ရင်း တံတားလက်ရန်းပေါ်သို့ ခုန်တက်သွားကာ စိတ်အလိုမကျဖြစ်နေသည့် မျောက်ကြီးနှယ် ဆူဆူပုတ်ပုတ် ထိုင်နေတော့လေသည်။ ယွီဟောက်က သူ့ထံ ချဉ်းကပ်သွားရုံသာရှိသေး၊ ကျိုးရှန်းခန္ဓာကိုယ်တစ်ခုလုံးဆီမှ "ချွင်ချွင်ချွင်"ဟူသော ဆူဆူညံညံအသံများက မဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ သံမဏိသံချပ်ကာများက သူ့အား ဖုံးအုပ်ပေးလာခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထုပ်နှောင်လာခဲ့ရင်း ခေါင်းဆောင်းဦးထုပ်ကလည်း ချွင်ခနဲ ကျလာခဲ့လေသည်။ သူ၏ပုံပန်းသွင်ပြင်မှာ သံမဏိသံချပ်ကာအဆင်အယင်နှင့် စစ်ဗိုလ်ချုပ်တစ်ယောက်သဖွယ် ပြောင်းလဲသွားပေတော့သည်။

[ Just like an Iron Man ^,^ ]

ယွီဟောက်ခမျာ မတတ်နိုင်သည့်အဆုံး တံတားလက်ရန်းရှိရာဆီသို့သာ ငြိမ်ငြိမ်ဆိမ်ဆိမ်လေး သွားထိုင်နေရရှာသည်။

"General"

ရုတ်ချည်း ယွီဟောက်ထံ၌ အတွေးတစ်ခု ပေါ်လာရ၏။

"ပါးစပ်ပိတ်ထားစမ်း"

ကျိုးရှန်းက အေးတိအေးစက်ဖြင့် သံချပ်ကာအတွင်းမှ ဆိုလာခဲ့သည်။

ယွီဟောက်, "အပြင်လောကနဲ့ဆိုင်တဲ့ မေးခွန်းပါဗျာ၊ ဒီနေရာနဲ့ ဘာမှမပတ်သတ်ပါဘူး၊ ရုတ်တရက် တွေးမိသွားလို့"

Generalကမူ ယွီဟောက်ကို လစ်လျူရှူလို့ထား၏။ ယွီဟောက်က ဆက်ဆိုသည်။

Duo Meng《夺梦》// Seizing Dreams TranslationWo Geschichten leben. Entdecke jetzt