Chapter 38

311 69 3
                                    

{Unicode}

[Vol-2: Chichén Itzá]
အုပ်စုလိုက်ရန်ပွဲ

ယွီဟောက်က ကျိုးရှန်းအား ခနစောင့်ရန်အမူအရာပြလိုက်ပြီးနောက် နန်းတော်ရှေ့တွင် စောင့်ကြပ်နေကြသည့် အစောင့်တပ်သားများအား မိမိတို့ထံ သောက်စရာအအေးအချို့ ယူဆောင်လာပေးရန် အမိန့်ပေးစေခိုင်းလိုက်သည်။ ခေတ္တခနမျှကြာပြီးသော် စစ်သည်ရဲမက်တို့က စားပွဲခုံအသေးတစ်လုံးကို သယ်ဆောင်လာပေးသည်။ စားပွဲပေါ်တွင်မူ ကော်ဖီနှစ်ခွက်နှင့် မုန့်ပဲသရေစာအချို့ ခင်းကျင်းထားလေ၏။ ထိုမှသာ ယွီဟောက်က ကျိုးရှန်းနှင့်အတူထိုင်ရင်း ကြည့်လက်စကိုဆက်ကြည့်ကြသည်။

" ဘာအဓိပ္ပာယ်မရှိတာတွေလာပြောနေတာလဲ! "

" ဒီဟာကိုကြည့်လေ၊ ဒီဟာရော၊ လက်သီးနဲ့ပင့်ပြီးအထိုးခံထားရတာ အသိသာကြီးကို၊ နောက်ပြီး မျက်နှာရှေ့တည့်တည့်ထိုးတာတာရော၊ ခင်ဗျားကို ကျွန်တော်ပြန်ပြီး သရုပ်ဖော်ပြပေးရဦးမလား? လာ, မတ်တပ်ရပ်လိုက်! မူရင်းအတိုင်း ပြန်သရုပ်ဖော်ကြည့်ကြတာပေါ့...... "

" မင်းဘာဖြစ်ချင်နေတာလဲကွ?! ဆရာဝန်ရေ! သူနာပြုရေ! "

" လုံးဝကိုမိမဆုံးမဖမဆုံးမကောင်ဘဲ! "

လင်းရွှင်တစ်ယောက် ဒေါသတကြီးဖြင့် အော်ဟစ်လေ၏။

" သွန်သင်ဆုံးမမှုမရှိတဲ့ကောင်! ထွက်သွားစမ်း! "

ကျိုးရှန်းထံမှ ပြန်ပြောသံကိုကြားရနိုင်လေသည်။

" ယို့, ပါမောက္ခကြီးရာ၊ အရမ်းတွေလည်း ဒေါသကြီးမနေစမ်းပါနဲ့၊ ဆရာဝန်ခေါ်ချင်ရင် ကျွန်တော်ကိုယ်တိုင်ခလုတ်နှိပ်ပေးမှာပေါ့လို့! "

လင်းရွှင်တစ်ယောက် မည်မျှအထိ အမျက်တထောင်းထောင်းဖြစ်သွားသလဲကို မြင်ရနိုင်ပြီး ကျိုးရှန်း၏မူပိုင် 'အဓိပ္ပာယ်ပါပါ အပြုံးကြီး' ကိုပါ မြင်လိုက်ရသောအခါ ယွီဟောက်ခမျာ ပါးစပ်ထဲမှကော်ဖီပင် ထွက်ကျလုနီးနီး ဖြစ်သွားရရှာသည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now