Chapter 16

458 78 0
                                    

{Unicode}

[Vol-1: The Great Wall]
မိစ္ဆာစက္ခု

ကျိုးရှန်းအဆောင်အခန်းတွင် ကုတင်လေးလုံးရှိပါ၏။ နှစ်လုံးကမူ နေလှန်းပြီးသား အ၀တ်ပုံကြီးဖြင့် နေရာအပြည့်ယူထားလျက် -- သူ့အခန်းဖော်များက အပြင်မှာဘဲ အခန်းငှားနေကြသောကြောင့်ပင်။ နောက်ထပ်ကုတင်တစ်လုံးကတော့ ဖုလိချွင်ဟာဖြစ်ပြီး ကြည့်လိုက်သည်နှင့် မနေ့ညက အဆောင်ပြန်မလာမှန်း သိသာ‌လေသည်။

ယွီဟောက်, " အခန်းက မင်းတို့နှစ်ယောက်ဘဲ နေတာလား? "

ကျိုးရှန်းကမူ ၀င်၀င်လာချင်းထဲက ရှပ်အင်္ကျီကို ချွတ်ပစ်ခဲ့ပြီးသားပင်။ သူသည်ကား ကျစ်လျစ်သော ကိုယ်ထည်နှင့် သေသပ်လှပသော ၀မ်းဗိုက်ကြွက်သားများကို ပိုင်ဆိုင်ပြီး ယွီဟောက်အရှေ့၀ယ် ကိုယ်တစ်ပိုင်းဗလာဖြင့် ဟိုသွားဒီသွားလုပ်နေခဲ့၏။ လိင်တူချစ်သူတစ်ယောက်အတွက်တော့ ၎င်းဟာ သရေယိုချင်စရာ ဟင်းကောင်းတစ်ခွက်အလား ဆွဲဆောင်ညို့ငင်နေမှုကြီးပင်။ ယွီဟောက်မှာမူ အဖြောင့်ကောင်တွေကို ထပ်ကြိုက်လို့မဖြစ်ဟု အမြဲတစေ မိမိကိုယ်ကို သတိပေးနေခဲ့ရာ မဟုတ်လို့ကတော့ မိမိမှာ ဇာတ်သိမ်းခန်းတွင် သေချင်းဆိုးနှင့် သေရလိမ့်မည်ဖြစ်၏။ သို့သည့်တိုင် ဤကဲ့သို့ အမျိုးသားတစ်ယောက်၏ ခပ်မိုက်မိုက် စံပြခန္ဓာကိုယ်ကြီးကို မိမိမျက်စိရှေ့ မျက်ဝါးထင်ထင် ရင်ဆိုင်လိုက်ရသောအခါ အနည်းနှင့်အများတော့ ရင်ဖိုသွားရသည်ပင်။ ထို့ကြောင့် သူက ကျိုးရှန်းအား အတတ်နိုင်ဆုံးမကြည့်မိရန်သာ ကြိုးစား‌နေရတော့သည်။

" ဖုလိချွင်က အပြင်မှာဘဲ ညအိပ်လိုက်တယ် "

ကျိုးရှန်းက အ၀တ်ဗီရိုကိုဖွင့်လိုက်ပြီး ဗရမ်းဗတာရှုပ်ပွနေသော ရှပ်အင်္ကျီများအတွင်း မွှေနောက်ရှာနေလေသည်။ သူက အ၀တ်တစ်ထည်ပြီးတစ်ထည်ကို ဆွဲထုတ်ကာ ၀တ်လို့ရမရလည်း အနံ့ခံကြည့်ရသေး၏။ ယွီဟောက်က သူလျှော်ဖွတ်ပြီးသား အ၀တ်များနှင့် ခြေအိတ်များကို လှမ်းပေးလိုက်သောအခါ ကျိုးရှန်းက fly kiss လေးပေးလျက် " ရှယ်ပဲ, ချစ်သွားပြီ‌လေ ~ " ဟုဆိုလိုက်ပြီးမှ နောက်လှည့်ကာ ရေချိုးခန်းထဲ ၀င်သွားတော့သည်။

Duo Meng《夺梦》// Seizing Dreams TranslationDonde viven las historias. Descúbrelo ahora