Chapter 3

653 106 0
                                    

{Unicode}

[Vol-1 : The Great Wall]
တိတ်သို့ပြန်တမ်းခြင်း

ယွီဟောက်တစ်ယောက် ကျောင်းဆေးပေးခန်း၏ မျက်နှာကျက်ကိုသာ ငေးလျက် ကုတင်ပေါ်တွင် လှဲလျောင်း‌နေလေ၏။ အပြင်ဖက်မှ ရွှဲလုံ၏ ဆရာဝန်အား မိမိကျန်းမာရေး အခြေအနေအကြောင်း မေးမြန်းနေမှုကိုလည်း ကြားနေရပါသည်။

" အခြားဆေးရုံ လွှဲပြောင်းပေးစရာမလိုပါဘူးဗျ, သူ (Carbon Monoxide) မီးခိုးငွေ့လည်း သိပ်မရှူမိလိုက်ဘူးလေ, ကျွန်တော်တို့ ခနလောက်သေချာစောင့်ကြည့်ပြီးတာနဲ့ အဆင်ပြေသွားမှာပါ "

ရွှဲလုံက ယွီဟောက် အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ကြောင်း သေချာကာမှ ပြန်သွားလေသည်။

အများပြောလေ့ရှိကြ၏။ တခါသေဖူးသူသည် နောက်တစ်ခေါက်ထပ်ပြီး သေခြင်းတရားကို ရှာဖွေတော့မည်မဟုတ်။ ယခုအချိန်တွင်, ယွီဟောက်သည်လည်း နောက်ထပ် အဆုံးစီရင်ရန်ဆိုသော အတွေးကို ဆက်တွေးတော့ပုံမပေါ်ပေ။ ကြည့်ရသည်မှာ Generalက မိမိနှလုံးသားထဲတွင် ရှိနေရင်း "မင်းအဆင်ပြေသွားမှာပါ" ဟု တဖွဖွပြောပေးနေသလားပင် ။

ဒေါက်ဒေါက်..

တစ်စုံတစ်ယောက်က အခန်းတံခါးကိုလာခေါက်သည်။ ယွီဟောက် လှည့်ကြည့်လိုက်သောအခါ မျက်လုံးများပြူးကျယ်လျက် အံ့ဩသွားရ၏။ ဝင်လာသောသူသည်ကား ကျောပိုးအိတ်လွယ်ထားကာ အားကစားဌာန ဘက်စကတ်ဘောအသင်းခေါင်းဆောင် ဖုလိချွင် ဖြစ်နေလေသည်။ ယွီဟောက်သည် မိမိသတိမရတရဖြစ်နေစဉ်က ကြားလိုက်ရသော ရင်းနှီသည့် အသံကိုပြန်တွေးမိသွား၏။ မိမိအား ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပေးသူကား ဖုလိချွင်ဖြစ်နေသည်ကိုး!

သူ ဖုလိချွင်ကို သိသည်ဟုပြောလို့ရ၏။ Work-study program‌ လျှောက်ရန် ထိုသူကသာ ကူညီပေးခဲ့ပြီး မိမိနှင့်လည်း စကားအနည်းငယ်လောက် ပြောဖူးသည်။ ယခုအချိန်တွင်တော့, ထိုသူ၏ ဆံနွယ်များမှာ ချွေးများရွှဲလျက်ရှိနေသော်ငြား လူကတော့ တက်တက်ကြွကြွရှိနေသေးပုံပေါ်၏။ ထိုသူသည် မျက်ခုံးထူထူနက်နက်များကို ပိုင်ဆိုင်ထားပြီး သူ၏ နာမည်ပြောင်သည်ကား 'အားကစားဌာနရဲ့ ဝမ်လိဟုန်' ။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now