Chapter 4

564 104 2
                                    

{Unicode}

[Vol-1: The Great Wall]
မျှော်လင့်ချက်များ

ချန်းယဲ့ခိုင်က ပြုံးပြလိုက်ပြီး ဆိုလိုက်သည်။

" ကိုယ်က ဒီအတိုင်းပြောလိုက်တာပါ, စိတ်ထဲမထားနဲ့ "

ယွီဟောက်က ခေါင်းသာ အသာညိမ့်ပြလိုက်လေ၏။ သူသည်ကား ဝင်ခွင့်စာမေးပွဲမတိုင်ခင်အထိ ထွေထွေထူးထူး အောင်မြင်ချင်သော ရည်မှန်းချက်မျိုး တစ်ခုလေတောင်မရှိပေ။ သို့သော်လည်း မိမိ၏အဖွားမှာ ရင်သားကင်ဆာ ခံစားလိုက်ရကာ ဆရာဝန်က Conservative Treatment (ခွဲစိတ်မှုမလုပ်ဘဲ ကုသခြင်း) ဖြင့်သာကုသရန် အကြံပေးသောကြောင့် ယွီဟောက်သည် သူမကိုအတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားနိုင်ရန် ကြိုးစားလျက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေခဲ့လေ၏။

ပြီးခဲ့သော နှစ်ဝက်ခန့် ဂျွန်လလောက်တုန်းက ယွီဟောက်တစ်ယောက် နံနက်ခင်းတစ်ခုတွင် နောက်ဆုံးကျန်ရှိသောဝင်ခွင့်စာမေးပွဲ တစ်ဘာသာဖြေဆိုရန် သွားခဲ့လေသည်။ မသွားခင်, မိမိအဖွားမှ နွားနို့ပူပူလေးတစ်ခွက်နှင့် ပေါင်မုန့်ချပ်အချို့ကို နွှေးကာ စားပွဲခုံပေါ်တွင် တင်ပေးထားခဲ့သေး၏။ သို့သော်လည်း နေ့လည်ခင်းစာမေးပွဲဖြေပြီး အိမ်ပြန်လာသောအခါ သိလိုက်ရသည်မှာကား မိမိအဖွားက ဤကမ္ဘာလောကကြီးမှ ထွက်ခွာသွားခဲ့လေပြီ...။

ယွီဟောက်ထံ၌ အဖွား၏ ဆေးကုသစရိတ်အတွက် ‌ချေးယူထားသော အကြွေးများ ပြန်ပေးချေရန် ရှိ‌နေသေးသောကြောင့် အိမ်ကိုရောင်းချပြီး ရရှိသမျှငွေ တော်တော်များများဖြင့်သာ ပြန်ဆပ်ခဲ့ရလေ၏။ ထိုအချိန်တုန်းက သူသည် တက္ကသိုလ်သွားမတက်တော့ဘဲ ကျန်နေသေးသောအကြွေးများ ကျေအောင်ဆပ်နိုင်ရန် မြို့ထဲတွင်အလုပ်အရင်ရှာမည်ဟု ဆုံးဖြတ်ထားလေ၏။ နောက်အကြွေးများအားလုံးကြေပြီဆိုမှသာ မိမိ၏မွေးရပ်မြေဖြစ်သော အနှီမြို့လေးကို စွန့််ခွာပြီး အတိတ်ကိုမြေမြှုပ်ပစ်ကာ အခြားတစ်နေရာတွင် သုညဘဝမှစတင်၍ ဘဝ၏အနှစ်သာရကိုရှာဖွေရင်း နေထိုင်သွား‌တော့မည်ဟု စဉ်းစားခဲ့လေသည်။

သို့သော်လည်း အဆုံးတွင်, နွေရာသီပိတ်ရက်များအတွင်း နှစ်လလောက် အစားအသောက်သယ်ယူပို့ဆောင်ရေး (takeout service) အလုပ်လုပ်ပြီးနောက် စိတ်ပြောင်းသွားခဲ့လေ၏။ မိမိအလုပ်လုပ်‌သောဆိုင်မှ ပညာအရည်အချင်း အောင်လက်မှတ်မရှိသော မန်နေဂျာမှ အကြံပေးလာခဲ့သောကြောင့်ဖြစ်လေသည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now