Chapter 19

493 82 0
                                    

{Unicode}

[Vol-1: The Great Wall]
နောက်ဆက်တွဲ ကြောက်စိတ်

ယွီဟောက်ခမျာ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်။ ရှစ်လျန်သည်လည်း သူ့ဧည့်ခန်းထဲမှာ အခြားသူတစ်ယောက်ရှိနေလိမ့်မယ် မထင်ထားခဲ့ရာ နောက်လှည့်လာသည်နှင့် ယွီဟောက်အား အမှတ်တမဲ့ တွေ့လိုက်ရသဖြင့် အံ့ဩမှင်သက်သွားလေ၏ ...

ယွီဟောက်တစ်ယောက် အသက်ရှူဖို့ရာတောင် ‌လည်ချောင်းထဲ ဆို့နင့်သွားရပြီး ပြောစရာစကားများလည်း ပျောက်ရှနေရသည့်တိုင် သူ့စိတ်ထဲ မဆီအဆိုင် အတွေးတစ်ခုက ဖြတ်ခနဲ၀င်လာခဲ့လေသည်။ မိစ္ဆာမျက်လုံးကြီးရဲ့ မူရင်းဇာစ်မြစ် !  ရှစ်လျန်က သူ့သမီးကို အမြဲစောင့်ကြည့်နေခဲ့တာဘဲ ! အဖြစ်နိုင်ဆုံးကတော့ ရှစ်နီဖုန်းကနေတစ်ဆင့် သူမတည်နေရာကို ခြေရာခံနေခဲ့ခြင်းပင် !

" ငါ ပြောခဲ့တာကို...... "

ရှစ်လျန်ကမူ လုံးလုံးလျားလျားကို မှင်သက်မိနေသောကြောင့် စကားတောင် ဖြောင့်အောင်မပြောနိုင်ဖြစ်နေခဲ့ပြီး ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးလည်း တုန်ယင်လာခဲ့လေသည်။

ယွီဟောက်တစ်ယောက် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း မတ်တပ်ထကာ ရှစ်နီအခန်းရှေ့တွင် ကာရပ်လိုက်သည်။ သူက သတိကြီးစွာဖြင့် မစ္စတာရှစ်ကို ကြည့်နေလိုက်ပြီး မိမိတို့နှစ်ယောက် ထိုလူ့ထံမှ ဘယ်လို‌ရှောင်ထွက်သင့်ကြောင်း အကြံထုတ်နေခဲ့ရင်း ကျောနောက်တွင် ဖုန်းကိုကိုင်ထားလျက် အရေးပေါ်ခလုတ်ကို နှိပ်ရန်ကြံစီလေသည်။

ရှစ်လျန်တစ်ယောက် သူ့ကျောနောက်မှ လက်ကို သတိထားမိ‌သွားသောအခါ အသိပြန်၀င်လာပုံပေါ်ပြီး ဒေါသတကြီးထအော်တော့သည်။

" မင်းကများ ရာရာစစ ငါ့အိမ်ထဲကို ခိုး၀င်ရဲတယ်ပေါ့လေ?!  Laoziမင်းကိုသတ်ပစ်မယ်!! "

သူက ပြောရင်း ဧည့်ခန်းရှိ အလှဆင်ပစ္စည်းတစ်ခုကို ကောက်ယူလိုက်ပြီး ယွီဟောက်ထံ ရုတ်တရက်ကြီး ပစ်ပေါက်လေ၏ !

ယွီဟောက်မှာမူ ဖုန်းစခရင်သာ ဖွင့်ရသေးကာ ရှစ်လျန်မှ တိုက်ခိုက်လာခဲ့သဖြင့် ဖုန်းကိုဘေးသို့ လွှင့်ပစ်လိုက်ရတော့သည်။ သူက ခါးကို အနည်းငယ်မျှ ကိုင်းလိုက်ပြီး ရှစ်လျန်ပေါ် ခုန်အုပ်လျက် ထိုလူ့ခါးကိုဖက်ရင်း ‌ဧည့်ခန်းမှသည် မီးဖိုချောင်ရောက်သည်အထိ တွန်းသွားလိုက်ပြီး မီးဖိုချောင်ကြမ်းပြင်ပေါ်သို့ အားဖြင့်ဖိချလိုက်လေသည် !

Duo Meng《夺梦》// Seizing Dreams TranslationUnde poveștirile trăiesc. Descoperă acum