Chapter 35

343 73 4
                                    

{Unicode}

[Vol-2: Chichén Itzá]
တောင်လျှောက်လမ်း

ရုတ်တရက် ယွီဟောက်မှ ဖုလိချွင်ထံ ဆိုလာခဲ့သည်။

" ကျေးဇူးပါ "

" ဘာတွေကျေးဇူးနေတာလဲ? "

ဖုလိချွင်က နားမလည်နိုင်စွာမေး၏။ သူသည်ကား ယွီဟောက်၏ပုခုံးထက်တွင် လက်တစ်ဖက်တင်ထားလျက်ရှိကာ နှစ်ယောက်သားက ပျဉ်ပြားလျှောက်လမ်း၏ လက်ကိုင်လက်ရမ်းပေါ်တွင် မှီထားလျက်ရှိကြသည်။ ထို့နောက်သူက လက်ကိုဆန့်တန်းကာ ယွီဟောက်နှင့်အတူ selfieရိုက်လိုက်သည်။

တစ်ခါတစ်ရံ ဖုလိချွင်ဟာ တုံးချင်ယောင်ဆောင်နေသလား တကယ်ဘဲဉာဏ်တုံးလေသလား ယွီဟောက် အတည်မပြောနိုင်ပါတော့ချေ။ များသောအားဖြင့် အနှီလူဟာ လူ့အရိပ်အကဲကိုကောင်းကောင်းနားလည်တတ်ပြီး ကိစ္စ‌တော်တော်များများတွင် အမြင်ကျယ်သူဖြစ်သည့်တိုင် သူသိထားသမျှကို တမင်သက်သက်ချမပြရုံသာဖြစ်ကြောင်း ယွီဟောက် အမြဲလိုလိုခံစားမိပါသည်။

" မင်းအရပ်ကြီးကရှည်လွန်းတယ်, အထဲကနေလျှောက် "

ယွီဟောက်က ဖုလိချွင်ကို လျှောက်လမ်း၏ အတွင်းပိုင်းကနေလျှောက်ရန် အမူအရာပြလိုက်သည်။ ဖုလိချွင်သည်ကား ယွီဟောက်နှင့်ပိုမိုရင်းနှီးလာခဲ့ပြီးနောက်ပိုင်း သူ့ပုခုံးပေါ်လက်တင်ရသည်ကို သဘောခွေ့နေခဲ့၏။

" ဒီလိုလျှောက်ရတာတကယ်ကောင်းတယ် "

ဖုလိချွင်ကဆိုသည်။

ယွီဟောက်, " ငါကမင်းရဲ့ တောင်တက်တုတ်ချောင်းမဟုတ်ဘူးကွ! "

ဖုလိချွင်, " မင်းကငါ့မိန်းမလေးနဲ့ အရပ်အတူတူလောက်ဘဲလေ, အာ့ကြောင့်ဒီလိုတင်ပြီးလျှောက်ရတာ တကယ်သက်သောင့်သက်သာဖြစ်တယ် "

ယွီဟောက်, " မင်းတို့ကပြန်အဆင်‌ပြေသွားပြီလား? "

ဖုလိချွင်, " မဟုတ်ပါဘူး, ငါ့အရင်မိန်းမဟောင်းကိုပြောတာ "

ယွီဟောက်, "......"

တကယ်တော့လည်း အနှီလူဟာသနားစရာလေးပါလားဟု တွေးမိလိုက်သဖြင့် သူကဆိုလိုက်သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now