Chapter 37

342 81 3
                                    

{Unicode}

[Vol-2: Chichén Itzá]
သွေးကိုမြင်တွေ့လိုက်ရခြင်း

အဝတ်များအားလုံး လျှော်ဖွတ်လို့ပြီးသွားသော် ယွီဟောက်တစ်ယောက် ကုတင်ထက်တွင်လှဲကာ မျက်နှာကြက်ပေါ်ရှိ ကြယ်ပွင့်လေးများကို ငေးကြည့်လို့နေမိသည်။

" ဘယ်သွားမလို့လဲ? "

ဖုလိချွင်ဖုန်းစခရင်မှ မီးအလင်းရောင်လေးမှာ ဝမ်လိဟုန်ကဲ့သို့ ချောမောခန့်ညားလှသည့် သူ့မျက်နှာပေါ်သို့ ရောင်ပြန်ထင်ဟပ်ပေးနေလျက်ရှိကာ အထူးသဖြင့် ဘေးတိုက်ကြည့်လျှင် ပိုလို့တောင်ဆင်တူနေပါသေးသည်။

ယွီဟောက်, " ဆေးလိပ်သွားဝယ်မလို့ "

ဖုလိချွင်, " ဒါပေမယ့်မင်းမှဆေးလိပ်မသောက်တတ်တာ "

ဖုလိချွင်တစ်ယောက် ချန်ရှန်းနှင့်လမ်းခွဲပြီးစဉ်ကတည်းက စကားပြောလိုက်တိုင်း အမြဲတစေ အသံကိုအနိမ့်အမြင့်မရှိ၊ ဝမ်းနည်းသံရော ပျော်ရွှင်သံပါမစွက်သည့် တစ်ပြေးတည်း‌သောအသံချည်းဖြင့်သာ ပြောပြောနေခဲ့ပြီး ၎င်းက သူ့ဖုန်းထဲက အမျိုးသားSiriအသံအလား ထင်မှတ်ရပေသည်။

" တစ်စုံတစ်ယောက်ကိုပြန်ချော့မလို့လေ "

ယွီဟောက်က ဆို‌လိုက်ပြီးနောက် ဘောင်းဘီအတို၊ တီရှပ်နှင့် ဖိနပ်အပါးတို့ကို ဝတ်ဆင်လိုက်သည်။ ဒုတိယထပ်သို့ရောက်သော် သူက အပူပေးပိုက်လိုင်းပေါ်မှတစ်ဆင့် ခုန်ကျော်လိုက်သည်။

ညဘက်အပြင်မထွက်ရအမိန့်သည်ကား အနှီအားကစားမေဂျာကျောင်းသားအုပ်စုကိုတော့ ပိတ်ပင်တားဆီးနိုင်စွမ်းမရှိပါချေ။ အထူးသဖြင့် ည၁၀နာရီနောက်ပိုင်း အဆောင်အတွင်းခိုးဝင်နိုင်သည့်နည်းလမ်းကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူဖြစ်သည့် ကျိုးရှန်းကိုပင်ဖြစ်သည်။

ကျိုးရှန်းသည်ကား အမှန်စင်စစ်ကို parkourအားကစားတွင် ဆရာကြီးတစ်ဆူဖြစ်၏။ ခေါင်မိုးထက်နှင့် အုတ်တံတိုင်းနံရံများပေါ်သို့ လွှားခနဲ လွှားခနဲ ခုန်တက်ကာ မသိလျှင် မြေပြန့်မြေပြင်တွင် နင်းလျှောက်နေသည့်နှယ် အသာလေး ခုန်ပျံကျော်လွှားနိုင်လေသည်။ ပထမထပ်ကနေတစ်ဆင့် သူခိုးခုခံကာကွယ်သည့် ပြတင်းပေါက်ပေါ်သို့ ခုန်တက်သွားလိုက်ပြီး ကျွမ်းတစ်ပတ်ပစ်လိုက်ရုံဖြင့် ဒုတိယထပ်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့ပေသိ ယွီဟောက်မှာတော့ ထိုကဲ့သို့မစွမ်းဆောင်နိုင်ပါချေ။ ကျိုးရှန်းက သူ့အား ကြိမ်ဖန်များစွာ သင်ပေးဖူးသည့်တိုင် သူ့ခမျာ ဘယ်သောအခါမှ အမိအရဖမ်းဆုပ်နိုင်ခြင်းမရှိရှာသေးချေ။ အဆုံးတွင်မူ နောက်နည်းလမ်းတစ်ခုကိုသာ ပြောင်းသင်ပေးလိုက်ရပြီး သူ့အား သနားညှာတာခြင်းကင်းစွာ လှောင်ထေ့လျက် ကျိုးရှန်းက အပူပေးပိုက်လိုင်းပေါ်သို့ မည်သို့ခုန်တက်ရသည်ကို သင်ပေးခဲ့လေသည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now