"ငါမင်းအတွက် အမူးပြေဟင်းရည်လေးလုပ်ပေးထားတယ်၊ အရင်သောက် လိုက်ပါလား"

" အင်း"
စားပွဲပေါ်ပဲ တင်ခဲ့လိုက်.. ကိုယ်သောက်လိုက်မယ်!!

သျှားသည် စွပ်ပြုတ်ပန်းကန်ကို ၀လ္လာနံဘေးသို့ ပေးမချတော့ပဲ ဆိုဖာနားကိုယူသွားလိုက်ကာ ထိုစားပွဲပေါ်မှာပဲ တင်ထားလိုက်တယ်။
အမှန်တော့ ညက ကိစ္စကို သျှား မေးချင်နေတာဖြစ်သည်။
ဒါပေမဲ့ တစ်ဖက်လူက ပြောချင်ရဲ့လားဆိုတာကိုလည်း အကဲခတ်ရသေးသည်။

"ဟို.."

"ဘာလဲ၊ မင်းကိုယ့်ကို ဘာပြောချင်တာရှိလို့လဲ"

"မင်း ညက ဘာလို့ အဲ့လောက်တောင်သောက်ခဲ့ရတာလဲ"

"ဟုတ်တယ်၊ ကိုယ် နည်း"သောက်တာများသွားတယ်"
အပေါင်းအသင်းတွေကလည်း တိုက်နေတာနဲ့ နောက်မဖြစ်စေရပါဘူး.."

"အင်း..."
ညက ဘယ်သူလိုက်ပို့ပေးတာလည်း ဆိုတာရောသိလား!!

"ခပ်ရေးရေးတော့မှတ်မိတယ်၊ ရေပြင်ညီ ညီဆိုလားဘာလား ကိုယ်သိပ်ပြီးမမှတ်မိတော့ဘူး..."

မရဲတရဲလေးနဲ့မေးလာတဲ့ သျှားကို မြင်တော့ ၀လ္လာသည် သူ့ရဲ့ ရီချင်စိတ်ကို မနည်းထိန်းထားလိုက်၏။
တံခါးကနေ စ၀င်လာကတည်းက ဒီလူ မျက်နှာ မကောင်းတာပင်၊ အခုတော့ သူ့ဘာလို့ မျက်နှာမကောင်းတာကို ၀လ္လာသိလိုက်ရတော့ ထိုကိစ္စဟာ ညတုန်းက သူ့ကို လိုက်ပို့ပေးတဲ့ ကောင်လေးကြောင့် ဆိုတာကို သိလိုက်ရတော့  ရင်ထဲ တစ်မျိုးတစ်မည်လေး ဖြစ်သွားရ၏။

"သူ သ၀န်တိုနေတာပဲ"

ထိုစကားကိုတော့ နူတ်ကနေထုတ်မပြောတော့ပဲ ရင်ထဲကနေ တီးတိုးရေရွတ်မိတာပင်။

သူ့ရဲ့စူပုပ်နေတဲ့မျက်နှာလေးက ပို၍ရုပ်ဆိုးလို့သွားရမှာတောင် အခုတော့ အရင်ကထက်တောင် ချစ်ဖို့ကောင်းနေသလိုပင်။
ပြည့်ဖောင်းနေတဲ့ ပအို့လေးတွေက တင်းရင်းလို့နေကာ
အသက်မပါလှတဲ့ မျက်၀န်းလေးတွေက ဝိုင်းစက်လို့နေပြီး
ကော့ညွတ်လှတဲ့ မျက်တောင် ရှည်တွေက  မျက်နှာထက်‌မှာတော့ အရိပ်ထင်နေစပြု‌ေနသကဲ့သို့ သိသိသာသာကို လှပလို့နေသည်။

{ ချည် } Where stories live. Discover now