အာခီ သည် sky အား ပြန်ထိုင်စေရန်အလို့ငှာ စကားကိုခပ်ချိုချိုဆိုသည်။

" သောက်ပြီးရင်ပြန်မယ်ကွာ ဘာလို့ထိုင်ဦးမှာလဲ ဖင်ညောင်းတယ် "

Zero က သောက်လက်စ အရက်ခွက်ကို အကျအနမော့သောက်ရင်း ဆိုတော့

" ဟို Music Band ကို စောင့်မလို့
သီချင်းနားထောင်မယ်လေ "

အထစ်ထစ် အငေါ့ငေါ့နဲ့ ဆိုတော့ အားလုံးက ဝိုင်းဟားပြန်သည်။

" မင်း Drum တီးတဲ့ ကောင်လေးကို ငမ်းချင်တာမလား "

" ဘောကို ငမ်းရမှာလား "

ဘဝင်မကျနိုင်စွာ အော်ငေါက်ပြီးနောက်မှာတော့ သူ့ အရက်သူ သောက်ကာ တဖက်ကို လှည့်သွားလေသည်။

" မင်းစောင့်နေလည်း အလကားပဲ သူတို့ Band က Monday ဆိုနားတယ် ကျန်တဲ့ ရက်ပဲ လာတာ "

ဆရာကြီး လေသံဖြင့် Gray ဝင်ပြောသည်။

" ချီး ... မင်းအစကတည်းက ပြောပါလား "

" ဟ မင်းမှ မမေးဘဲ "

Gray အာခီကို ပြန်အော်သည်။

" ‌ပြောတော့ မကြိုက်ဘူး ဘာညာ
အခုတော့ ထထိုးတော့မယ့် ရုပ်နဲ့ "

" တကယ်မကြိုက်ဘူး ငါ့ကိုချေနေလို့ တမင် လိုက်ချင်ရုံ သက်သက် "

အာခီသည် သူ့က်ို တခြားသူ ဝေဖန်တာမျိုး နည်းနည်းလေးမှ မကြိုက်ပေ။

" ဒါနဲ့ Orchid ရော .. ဘာလို့ ပါမလာတာလဲ "

တစ်ယောက်တည်းသော မိန်းကလေးသူငယ်ချင်းကိုတော့ သူမမေ့။

" ငါခေါ်တယ် သူမလိုက်တာ "

Zero က အာလူးကြော်ကို ဝါးနေရင်းနဲ့ ဆိုသည်။

" Orchid က မင်းညီနဲ့ ငြိနေတာလား မသိဘူး ဟေ့ကောင် ငါတို့ကိုတောင် အဖက်မလုပ်တော့ဘူး "

" ထင်သားပဲ "

သူ့ပုံစံက နည်းနည်းလေမှ အံ့ဩမနေ။

ထိုစဉ် " ခွမ်း ..." ခနဲ ကြားလိုက်ရသည့်အသံက ဝိုင်ပုလင်းများ အစဉ်လိုက်ပြုတ်ကျလာသည့် အသံပင်။

တစ်ယောက်ယောက်က အစီအရီ စနစ်တကျ စီထားသော ဝိုင်ပုလင်းများ ဖန်ခွက်ဖြင့်လှမ်း ပစ်လိုက်သည့် ပုံပင်။

Lyric Of My Heart Beat || U+ZWhere stories live. Discover now