" မပိုးကတကယ့်အလှလေးနော် ဒီလိုပုံစံမျိုးတခါမှမမြင်ဖူးလို့လားမသိဘူးနောက်တစ်ယောက်ပြောင်းသွားသလိုပဲ "

အာကာနဲ့စကားမပြောချင်၍ ရှေ့ကိုမကြည့်ပဲ လမ်းဘေးဘက်တစ်ချက်ကို အကြည့်ပို့ကာ လိုက်ပါလာခဲ့ပြီး အာကာ့အသံကြားမှအာကာ့ဘက်ကိုပြန်လှည့်ကာမေးလိုက်သည် ။

" ဟုတ်လား ဘယ်မှာလဲ "

" ရှေ့ကကားနဲ့ပါသွားပြီ "

အာကာလှမ်းကြည့်လိုက်တော့ အနက်ရောင်ကားတစ်စီး ။ အာကာတို့နှင့် သိလာသည့်တစ်လျှောက်မှာ ဒီလိုကားမျိုးမမြင်ဖူးတာကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားကာ အာကာ့ကိုမေးလိုက်သည် ။

" အဲ့တာစျာန်ဇွဲကားလား "

" မဟုတ်ပါဘူး စျာန့်မှာအဲ့လိုကားမျိုးမရှိဘူး "

" ဒါဆို ဘယ်သူကလာခေါ်သွားတာလဲ "

ခုနကအမှတ်တမဲ့ဖြစ်သွားပေမယ့် နီယံပြောမှ သေချာစပ်ဆက်တွေးမိကာ အာကာလဲစိတ်ထဲတစ်မျိုးဖြစ်သွားသည် ။

" မပြောတတ်ဘူး စျာန်ကကျွန်တော်တို့ပစ္စည်းသာသုံးချင်သုံးမယ် တခြားသူပစ္စည်းယူသုံးမှာမဟုတ်ဘူး ဒါမယ့်စိတ်မပူပါနဲ့ အဲ့ကားနောက်ကနေပဲလိုက်သွားမယ်လေ သွားရမယ့်နေရာတူတာပဲ "

"အွန်း"

နီယံလည်း အာကာနှင့်ဘာစကားမှပြောချင်စိတ်မရှိတာကြောင့် ငြိမ်ပြီးသာလိုက်လာခဲ့လိုက်သည် ။ စကားမပြောလိုက်နှင့်ပြောလိုက်သည်နှင့် ဘောက်တွေချည်းပြောတတ်သည့်အာကာနဲ့ ဒီနေ့မှာတော့ စကားမများချင်တာကြောင့် ဖုန်းဖွင့်ကြည့်ကာငြိမ်နေလိုက်တော့သည် ။

အာကာအရှေ့ကားနောက်ကနေလိုက်လာရင်း အရှေ့မှကားသည် သွားရမည့်လမ်းနှင့်ဆန့်ကျင်ဘက်ကိုဦးတည်နေတာကြောင့် အာကာစိတ်ထဲမသင်္ကာဖြစ်လာကာ ဘေးမှာပါလာသည့်နီယံကိုကြည့်လိုက်တော့ ငြိမ်ကာဖုန်းကိုပဲစိတ်ဝင်တစားကြည့်နေ၏။

" ခင်ဗျားရေအဲ့ဖုန်းပဲကြည့်မနေနဲ့ ကျွန်တော့်ကိုအဖတ်လုပ်အုံး "

အာကာ့အသံကြားသည်နှင့် စကားများတော့မည်ဆိုတာကိုသိနေသည့်အတွက် မျက်လုံးခပ်လှုပ်လှုပ်ရယ် ။ ဒါကိုပင် ပြောလာသည်ကရိုက်ပေါက် ။ နီယံလည်းပြဿနာမဖြစ်ချင်ပေမယ့် သူ့ဆီမှဒီလိုဘောက်ဆတ်ဆတ်စကားတွေကြားရင် သည်းခံစိတ်မွေးလို့မရ ဒီနေ့အတွက် ဒုတိယအကြိမ်မြောက်မျက်မှောင်ကုတ်ကာကြည့်လိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now