အပိုင်း ၁၂ zawgyi

Start from the beginning
                                    

"ရွှေရင်အေးနဲ့ကိုဧည့်သည် က ချစ်ကြိုက်နေကြတာတဲ့။ဆေးခန်းလာတာများ တယောက်နဲ့တယောက် လက်တွဲတောင် မဖြုတ်ကြဘူးတဲ့။တအိမ်တည်းနေပြီး ယောက်ျားလေးချင်း ကြိုက်နေကြတာ အံ့ပါလေရော။ငါတော့ ကြားကြားချင်း ယုံတောင်မယုံနိုင်ဘူး။"

"မဟုတ်တာတွေ မပြောပါနဲ့ အမတို့ရယ်။ကလေးတွေက ခင်မင်ကြတာပါ။ကိုဧည့်သည် က ရွှေရင်အေး အိမ်မှာ နေရတော့ ရွှေရင်အေး က ဂရုစိုက်တဲ့ သဘောပါ။သူ့မှာလည်း အကို မရှိတော့ အကို တယောက်လို ဂရုစိုက်တဲ့ သဘောမျိုးပါ။တမျိုးမထင်ကြပါနဲ့ အမတို့ရယ်။"

"မသီတာ ကသာ တမျိုးမထင်နဲ့ပြောနေ။ရွှေရင်အေးနဲ့ကိုဧည့်သည်ရဲ့ သတင်းကတော့ တဈေးလုံးကို ပျံ့နေရောပဲ။"

" အမတို့က အဲ့သတင်းကို ဘယ်ကကြားလာတာလဲ။"

"ငါတို့ကို ဝက်သားဆိုင်က ပြောလိုက်တာ။"

ဝက်သားဆိုင် က ထိုသတင်းကို ဘယ်ကကြားလဲ သိချင်သောကြောင့် ဝက်သားဆိုင် ကို သွားမေးတော့ ပဲပင်ပေါက် ရောင်းတဲ့ ဆိုင်မှ သိရသည်ဟု ပြောလေသည်။ပဲပင်ပေါက် ရောင်းတဲ့ဆိုင်က ပြောတာကတော့ ကုန်စုံဆိုင်မှ ဟု သိရလေသည်။အရင်းအမြစ်ကို စုံစမ်းရင်း တဈေးလုံးနှံ့သွားကာ နောက်ဆုံး လမ်းထိပ်ဆိုင်ကို ရောက်သွားတော့မှ ဘယ်က စကားထွက်လာသလဲ ဆိုတာ စုံစမ်းမိသည်။ပထမကတော့ စုံစမ်းရင်း အရင်းအမြစ်ကို သိရင် မဟုတ်ကြောင်းပြောရင်း ရန်တွေ့မလို့ပါပဲ။ဒါပေမဲ့ စကားက ကားလာမည် စိုးသောကြောင့် ကလေးနှစ်ယောက်ကိုလည်း မထိခိုက်စေချင်သောကြောင့် ငြိမ်နေလိုက်သည်။မဟုတ်မမှန် သတင်းကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် ကိုဧည့်သည် ကိုတော့ မပြောဖြစ်ပေ။ပိုပြီး စိတ်မကောင်းဖြစ်မည် စိုးသောကြောင့် ဖြစ်သည်။မနက်တိုင်း ဈေးသွားသော ရွှေရင်အေး ကတော့ ထိုသတင်းကို မကြားဘဲ မနေ။ကြားပြီးလောက်ပြီပေါ့။ကိုဧည့်သည် ကိုလည်း ပြောပြထားပုံမရလို့ ကိုဧည့်သည် ဘာမှသိပုံ မပေါ်ပါ။ကိုဧည့်သည် တယောက်ကတော့ ရပ်ကွက်ထဲမှာ ပြောနေသည့် စကားတွေကို မသိဘဲ ရွှေရင်အေးကို လက်ဆောင် ဝယ်ပေးဖို့သာ စိတ်အားထက်သန် နေပါသည်။ဒီကလေးနှစ်ယောက်၏ သံယောဇဉ်ဟာ အများအထင်အမြင်လွဲလောက်အောင် နက်ရှိုင်းလွန်းသည် ဆိုတာကိုတော့ ငြင်းမရပေ။ကိုဧည့်သည် ကလည်း ရွှေရင်အေးတို့ ညီအကိုတွေကို သံယောဇဉ် သိပ်ထားလွန်းသည်။သူရှာလို့ ရသည့် ငွေကြေးနှင့် ငယ်လေးက ကြက်သားကြော် စားချင်သည်ဟု ပြောတာကို သူမရောက်ဖူးသည့် အရပ်ကို သွားပြီး ကြက်ကြော် ဝယ်ကျွေးသူပါ။သူတို့ သံယောဇဉ်ဟာ သေးငယ်သည်တော့ မဟုတ်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now