မကြာခင်မှာပင် ခရီးတစ်၀က်ရောက်လာပြီပင်။

ရွှေမင်္ဂလာ စားသောက်ဆိုင်မှာ ဗိုက်ဆာနေရင် တစ်ခုခုစားဖို့ တိမ်၀လ္လာမိုးမြင့်က ပြောပေမဲ့လည်း သျှားက မစားချင်ဘူးလို့ပြောလိုက်သောကြောင့် ခရီးကို မရပ်နားတော့ပဲ
ပုသိမ်မြို့ အထိ ခရီးပေါက်အောင်သွားလိုက်ကြတော့၏။

"ဒူ..ဒူ..ဒူ"

ရုတ်တရပ်ဖုန်းလာသံကြောင့် ၀လ္လာသည် သူ့ရဲ့ဖုန်းကို လှမ်းဆွဲယူလိုက်ကာ Nameနေရာကို ကြည့်လိုက်တော့ ပုသိမ်မှာရှိတဲ့ သူ့သူငယ်ချင်းဖြစ်သူ နေသွေးထက် က ဖုန်း
ခေါ်ဆိုတာဖြစ်သည်။

ဒါနဲ့ပဲလက်ခံရန် နေရာကို နိုပ်လိုက်ပြီး....

"အေး...ပြော!!"

တိမ်၀လ္လာမိုးမြင့်တို့ သူငယ်ချင်းတစ်သိုက်မှာ အကျင့်တစ်ခုရှိသည်။  သူတို့သူငယ်ချင်းတွေထဲကနေ ဘယ်သူပဲဖုန်းခေါ်ခေါ် "ဟဲလို" ဆိုသည့်စကားလုံးကို မည်သူကမှ သုံးနူန်းကျလေ့မရှိပေ။
ဒီအမူအယာကို ကြည့်ခြင်းအားဖြင့်သူတို့တွေရဲ့ လူတစ်ယောက်အပေါ်ထားတဲ့ စိတ်ရင်းတွေက ဘယ်လောက်တောင်ရင်းနှီးလှသလဲဆိုတာကို မြင်တွေ့နိုင်ပေ၏။

သျှား လည်း ဖုန်းပြောနေတဲ့ ၀လ္လာကို တစ်ချက်ကြည့်ရင်း
တသ်ခဏမှတင်ပဲ သူ့ရဲ့အကြည့်တွေကို အပြင်က ရူခင်းတွေဆီသို့သာ ပြန်ပို့ထားလိုက်သည်။
တစ်ဖက်က လူက သူတို့ တည်းခိုဖို့အတွက် နေရာကို
ပြောပြနေတာဖြစ်သည်။

"နေသွေး မင်းလည်း ငါ့အတွက်နဲ့ ဒုက္ခများစေခဲ့ပြီ"
မင်းနဲ့ ဆုံမှပဲ ငါတစ်ဝိုင်းကျွေးပါဦးမယ်!!

"ရပါတယ်ကွာ၊ မင်း ငါတို့ဆီလာလည်တာနဲ့တင် ငါမှာ တော်တော်လေးကိုပျော်နေပြီ"
မင်းတို့ ဒီကို ရောက်ရင် ငါမင်းတို့ကို  ငါ့တို့ပုသိမ်မြို့ရဲ့ အထင်ကရနေရာတွေကို ငါလိုက်ပို့ပေးမယ်"

နေသွေးအားရပါးရပြောလာတော့ ၀လ္လာက သဘောတကျရီမိသည်။

"အေးပါကွာ၊ မင်းဖာသားကြီးက သူ့ရဲ့ အလုပ်တွေပျက်ကွက်လို့ ငါတို့အတွက်နဲ့ မင်းကို ဆူနေပါဦးမယ်ကွာ"

"အမလေး သူဆူလည်း ဆူပလေ့စေ၊ သူစိတ်တိုင်းကျ ငါ့မှာနေလာခဲ့ပြီးပြီ ငါလည်း အရွယ်နေတဲ့ လူတစ်ယောက်ဖြစ်နေပါပြီနော်"

{ ချည် } Where stories live. Discover now