"ငိုလို့ဝပြီးလား..."

စောစောကအသည်းအသန် ငိုကြွေးနေသူဟာ...သူမဟုတ်တဲ့အတိုင်းအခုကြတော့ရုပ်တည်ကြီးနဲ့...မျက်နှာနှစ်မျိုးနဲ့ကလေးဆိုးကြီး..

"အင်း"

"ရှောင်...စောစောကဘာလို့..ငို..."

သူ့အမေးစကားမဆုံးသေးခင်ဖြတ်ပြောသောရှောင်...မသိရင်ခက်မယ်ငိုတဲ့အကြောင်းအရင်းမပြောချင်လို့..စကားလမ်းကြောင်းလွှဲမှန်း...

"ရိအာ!!မနက်ဖြန်ပြိုင်ပွဲအတွက်အသင့်ဖြစ်ပြီလား"

"ဖြစ်ပြီး!!....ဖြစ်ပြီး!!...ဖြစ်တာမှဟိုဘက်တောင်လွန်နေပြီ!!"

စိတ်ပေါက်ပေါက်နဲ့အရွဲတိုက်ဖြေပေးလိုက်တယ်...မနက်ဖြန်မှသိရမဲ့ပြိုင်ပွဲကို အခုချိန်မှာဘာယှဉ်ပြိုင်ရမလဲမသိဘဲ...ဘယ်လိုလုပ်အဆင့်သင့်ဖြစ်မလဲ လိမ်ရင်လည်းယုတ်တိရှိအောင်လိမ်မှာပေါ့။

--------

"ဒုတိယမြောက်ယှဉ်ပြိုင်ပွဲကတော့ ကျောင်းသားတွေရဲ့သီလ၊သမာဓိခိုင်မြဲသလားဆိုတာကို စစ်ဆေးမှာဖြစ်တယ်။မင်းတို့ဘယ်လောက်ပဲမြင့်မြတ်တဲ့စွမ်းအားပိုင်ဆိုင်ထားပါစေ မင်းတို့မှာသနားညာှတာ​​ခြင်း၊
သတ္တဝါတွေ အပေါ်စာနာခြင်း ထိုကဲ့သို့စိတ်ထားမျိုးသာမရှိရင်သူယုတ်မာနဲ့မခြားနားဘူး။ပြီးတော့ကာမဂုဏ်ကို နှစ်သက်လိုက်စားခြင်းဟာလည်း...မကောင်းမှုပြုလုပ်ရန် ဝန်မလေးသောသူအဖြစ်ကိုရောက်မှန်းမသိရောက်စေတယ်"

အကြီးအကဲရဲ့ဆိုဆုံးမမှုဟာ မှန်ကန်တယ်။အကယ်၍ကာမဂုဏ်မှာလိုက်စားသူဖြစ်ပါက၊အချောအလှကိုမက်မောသူဖြစ်ပါက ထိုသူသည်လင်ရှိမယားကိုပင် ရှောင်ရှားမည်မဟုတ်။ဤကဲ့သို့သောစစ်ဆေးမှုမျိုးပြုလုပ်ခြင်းသည် မှန်ကုန်သည်ဟု စစ်နတ်ဘုရားဖြစ်တဲ့ သူကိုယ်တိုင်တွေးထင်မိသည်။

"ဤစမ်းသပ်ချက်ကို မင်းတို့အနေနဲ့ပုံရိပ်ယောင်ကမ္ဘာထဲမှာ ဝင်ရောက်အစမ်းသပ်ခံရမည်ဖြစ်သည်။အထိအတွေ့၊ပင်ပန်းဆင်းရဲမှု၊နာကျင်မှုတို့သည် ပုံရိပ်ယောင်ကမ္ဘာမှ မထွက်မချင်းပျောက်ကွယ်မည်မဟုတ်။အကယ်၍မင်းတို့ထဲက ထိုပုံရိပ်ယောင်ကမ္ဘာမှာ ကြုံတွေ့ရမည့်စမ်းသပ်ချက် တစ်ခုခုကိုကျရှုံးခဲ့လျှင် ထိုကျောင်းသာဟာ ချက်ချင်းအပြင်လောကကို ပြန်ရောက်မည်ဖြစ်သည်။ပြီးတော့ထိုပုံရိပ်ယောင်ကမ္ဘာ၌ အကြောင်းအရာတစ်ခုခုကြောင့် အပြင်လောကကိုပြန်ထွက်ချင်သူတွေအနေနဲ့ဒုအကြီးအကဲပေးတဲ့အင်းစာရွက်ကိုမီးရှို့ပါကအပြင်​လောကကိုပြန်လည် ထွက်ရောက်နိုင်သည်။"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now