တစ်ခုခုဆို သူ့ဆိုင်ကယ်လေးကိုပဲ လာလာခလုတ်တိုက်နေသည့် ဒယ်ဒီ့ကိုသိပ်မကြည်တော့ပါ။
သူ့မှာ လိုချင်လွန်းလို့ $185000တောင်ပေးပြီး ဝယ်ထားရတာကို။

အသုံးလိုတယ်ဆိုလည်း သော့ကိုင်ထားတဲ့ မာမီ့ဆီကတောင်းပါလား။ အဲ့ဒါကို သူ့မိန်းမဆီကကျတော့မတောင်းပဲ ငါ့ဆိုင်ကယ်လေးကိုပဲ လာလာခလုတ်တိုက်နေတာ။ ဒယ်ဒီအကျင့်ပုတ်။

သူ့အတွေးတွေကို ဒယ်ဒီသာကြားရင် ဘယ်လောက်များတောင် သွေးတက်လိမ့်မလဲ။

သူ မသွားထိုင်ရင် ဒီနေ့အပြင်ထွက်ရဖို့ မရှိတော့တာမို့ ဒယ်ဒီ့နားက ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။

"အခု ဘယ်ကိုအလေလိုက်ဖို့ ကြံနေတာလဲ"

"ဘယ်မှမလေမလိုက်ပါဘူး ကျွန်တော့် နှလုံးသားလေးဆီသွားမလို့"

"မင်းနှလုံးသားတွေ ဒီလောက်များတာ ငါက ဘယ်လိုသိမှာလဲ
ဪ သစ္စာမဏ္ဍိုင်ကိုပြောတာလား"

ထင်ရက်လိုက်ပုံကြီးက ဒယ်ဒီရယ်

"ထွီ. အဲ့ဟာမဆီ ဘာသွားလုပ်ရမှာလဲ ရွံစရာတွေ ပြောနေပြန်ပါပြီ ဒယ်ဒီရယ်"

ဦးရာဇမင်းထင် တမင်ကိုပြောလိုက်ခြင်းဖြစ်သည်။

"ဒယ်ဒီ့ကို ပြောစရာရှိတယ် "

"အမယ် ထူးထူးဆန်းဆန်းပါလား ပြောစမ်းပါဦး"

ထူးထူးဆန်းဆန်း စကားပလ္လင်ခံနေသော သားဖြစ်သူကြောင့် ဦးရာဇမင်းထင် မဲ့ရွဲ့သွားမိသည်။

"ကျွန်တော် Gayသွားပြီ ဒယ်ဒီ"

"ဟမ် ဘယ်လို"

ရာဇမင်းထင် ခေါင်းမီးတောက်သွားရသည်။ ဒီကောင် ပေါက်ကရတွေလုပ်တတ်တာ သိပေမယ့် ဒါကြီးကတော့ မလွန်လွန်းဘူးလား။ သူ့မာမီသိရင်လည်း ပြဿနာက အကြီးအကျယ်တတ်ပေတော့မည်။ သူ့အမေ Gayတွေကို ဘယ်လောက်မုန်းလဲ ဒီကောင်မသိတာလည်းမဟုတ်။

"ဟေ့ကောင် စောက်ခွက်မပြောင်နဲ့ မင်းအမေသိရင် အသတ်ခံနေရမယ်"

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now