-----------
Feedback.....

"အား..!!!ရှောင်...အား..!!နာ...အ့...ပူ..တယ်..ရှောင်...ရှောင်ကျန့်....ကယ်ပါအုန်း...အား!!!. "

သူ့အမည်ကိုခေါ်လိုက်တဲ့ ရိအာ...နာကျင်မှုကြောင့် မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းညိုလေး... ကိုယ်ရင်တွေနာလိုက်တာ..ကိုယ်ရအောင်ကယ်မယ်....ကိုယ်ပြစ်ဒဏ်ခံရရင်တောင်...ကိုယ်ရှိနေသ၍မင်းကိုမထိခိုက်စေချင်ဘူး...

"ရိအာ!!!"

"ရှောင်..."ထိုတိုးညှင်းသောစကားသံအဆုံး သတိမေ့မြောသွားသောရိအာ

ဒီတစ်ကြိမ်ပါပဲကောင်းကင်အရှင် ကောင်းကင်စည်းမျဉ်းကို ​ေဖာက်ဖျက်ပါရစေ။ဒီအကြွေးကို ကျွန်တော်မျိုးဖုန့်ဟွာ သေထိအထိပြန်ပေးဆပ်ပါ့မယ်..

"မိုးကြိုးနတ်မင်းရပ်လော့!!!"

"စစ်နတ်ဘုရား အသင်ကျွနု်ပ်ရဲ့အပြစ်ပေး​ြခင်းကို ဝန်မစွပ်ဖက်ပါနှင့်.."

"အရှင်သာရိအာကို အပြစ်ဒဏ်ဆက်လက် အပြစ်ပေးနေအုန်းမယ်ဆိုရင် ကျွန်တော်မျိုးလည်း အရှင်ကိုပြန်လည်တိုက်ခိုက်ရန် ဝန်လေးမည်မဟုတ်ပါ"

"စစ်နတ်ဘုရား အသင်ဟာပထမအဆင့်နတ်ဘုရားမို့ လောကနတ်လေးပါးထဲက တစ်ပါးဖြင့်တဲ့အကျွနု်ပ်ကိုမလေးစားတာလား!!"

မီး၊ရေ၊လေ၊မိုး​ကြိုး စသည့်နတ်မင်းတွေဟာ ကောင်းကင်နတ်မင်းကြီးလေးပါးဖြစ်ပြီး သူတို့ဟာ တတိယမိစ္ဆာမင်းဆက်ထဲက လောကအရေးသုံးပါးတွင် ဝင်ရောက်စွပ်ဖက်ခြင်းအလျင်မရှိ။ယခုများတော့သူတို့ဟာရိအာကိုထိခိုက်စေနေပါရဲ့...

ပြီးတော့ လောကအရေးကိစ္စတွေကို တရားမျှတစွာဆောင်ရွက်ပေးတဲ့ လောကဖန်ဆင်းသူ နတ်ဘုရားမနွီဝါး၊နေနတ်မင်း၊ကံကြမ္မာနတ်မင်း​ေတွဟာ နတ်ဘုရားတွေကိုထိန်းသိမ်းအုပ်ချုပ်တဲ့ အနန္တာနတ်ဘုရားသုံးပါးဟာ ယခုလိုမတရားမှုကိုကြတော့ ငြိမ်သက်စွာကြည့်ရှုနေလေကြ၏။

"အရှင်...အင်အားနည်းတဲ့သူ​တွေကို အနိုင်ယူတာကောင်းသောလမ်းစဉ်မဟုတ်ဘူးလို့ လောကနတ်ဘုရားမနွီဝါးကပြောကြားထားပါတယ်။အဲ့သလိုပဲ ကျွန်တော်မျိုးဟာအရှင့်ကို မလေးစားရခြင်းအလျင်မရှိ...မတရားမှုကိုဆန့်ကျင်ခြင်းနှင့်...သူ့ကိုကာကွယ်ပေးချင်စိတ်သာရှိတာပါ.."

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now