အပိုင်း(၂၅.၃)

Start from the beginning
                                    

" ငါ မင်းကိုဒူးထောက်ပြီး တောင်းပန်ပါ့မယ်..ငါ ထိုင်ရှိခိုးပါ့မယ်... "

ထိုစဥ် အသံတစ်ခု ထွက်ပေါ်လာသည်။

လင်းကျစ်ရန်သည် မူရန်အားတွဲလောင်းချိတ်ထားသောကြိုးကို ဓားနှင့်အကြမ်းပတမ်းဖြတ်လိုက်၏။ မူရန်သည် မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။

ဒီပန်းကန်လုံး တစ်လုံးစာလောက်ဆိုလုံလောက်ပြီလို့ လင်းကျစ်ရန်တွေးလိုက်သည်။ ဒိထက်ပိုပြီး ဆက်ယူနေလျှင် သွေးထွက်လွန်ပြီး သေသွားလိမ့်မည်။ မူရန်လို လူက သေသင့်တယ်ဆိုပေမယ့် သူခြောက်လှန့်လိုက်ချင်ရုံသာ။ ဒါက NPCဆိုလျှင်တောင် သူ လူမသတ်ချင်။

မူရန်၏ ကြောက်လန့်နေသောအမူအရာကြောင့် လင်းကျစ်ရန်မှာ နှုတ်ခမ်းထောင့်များတွန့်ကွေးသွားလေသည်။ ဒီလောက်ဆိုလျှင် မူရန်သူ့ကို ထပ်ပြီးပြဿနာရှာရဲတော့မှာမဟုတ်ပေ။

ခဏအကြာတွင် မူရန်ပြန်ပြီးသတိဝင်လာသည်။ လင်းကျစ်ရန်က သူ့ကိုတကယ်ကြီး လွှတ်ပေးလိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့​ပေ။သူဟာ ချက်ချင်းပင် အလောတကြီး ထွက်ပြေးလေသည်။ ဒီကြောက်စရာမကောင်းဆိုးဝါး​ကောင်နှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် နေနိုင်ဖို့သာဆုတောင်းရင်းဖြင့်။

ထိုစဥ် လင်းကျစ်ရန်၏ အေးစက်သောအသံက သူ့အနောက်မှ ထွက်ပေါ်လာသည်။

" မင်းဘာလို့ ငါ့ကို ဦးမချတာလဲ "

မူရန့်၏ ခန္ဓာကိုယ်က ချက်ချင်းတောင့်တင်းသွားလေသည်။ သူဟာအရမ်းကိုခံပြင်းနေပေမယ့် အခုချိန်မှာ သွေးများကိုဆုံးရှုံးထားသောကြောင့် ခန္ဓာကိုယ်က အားနည်းနေရာ လင်းကျစ်ရန်ကို အပြစ်လုပ်မိ၍မဖြစ်။ မူရန်သည် ပြန်လှည့်လာပြီး ဒူးထောက်ထိုင်ချကာ နှဖူးနှင့် မြေပြင်ထိအောင်အထိ ကိုင်းချလိုက်သည်။

ထို့နောက် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ရှက်ရွံစွာဖြင့် ခပ်သုတ်သုတ် ထွက်သွားလေသည်။

မူရန်ထွက်သွားပြီမှန်း သေချာတော့မှလင်းကျစ်ရန်လည်း လှည့်ထွက်လာလိုက်​ပြီး လမ်းများကိုကွေ့ပတ်ကာ ဂူဝသို့ရောက်လာခဲ့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now