စကားအရှည်ကြီးရဲ့အဆုံးမှာ လက်ထဲကိုင်ထားသော အရက်ခွက်ကို တကျိုက်ထဲမော့ချပစ်လိုက်သည် ။ ပြင်းရှရှအရသာက ရင်ထဲကအပူမီးတွေကိုမတိုက်ထုတ်နိုင် ။

" ကိုက Third person ဖြစ်နေတာပေါ့ "

" အင်း "

တွေးဆဆဖြင့် ဟန်နီ့လက်ထဲကဝိုင်ခွက်ထဲကဝိုင်တွေကို ဖြည်းဖြည်းချင်းအရသာခံသောက်ကာ ခွက်ထဲကဝိုင်ကုန်သွားတော့ စားပွဲပေါ်ခွက်အလွတ်တင်ကာ ထက်မြတ်ရဲ့ဘေးနားကိုကပ်သွားပြီး လက်မောင်းကိုချိတ်တွယ်လျက် ပခုံးကိုမှီလို့ခေါင်းမော့ကာပြုံးပြလိုက်သည် ။

" အဲ့အတွက်မပူနဲ့တော့ ဟန်နီကူညီမယ် "

" ကျေးဇူးပါဟန်နီလေး "

" ချက်ချင်းနော် "

" ဒီညတော့ ဒီလောက်ပဲလေနော်ကိုယ်ပင်ပန်းနေပြီ "

" ဟုတ်ပါပြီရှင် "

ပြွတ်စ်

နှုတ်ခမ်းကိုတစ်ချက်နမ်းကာ အခန်းထဲကထွက်သွားသော ထက်မြတ် ။

............

ဒေါက် ဒေါက်

တံခါးနှစ်ချက်ဆင့်ခေါက်ကာ ပိုး စျာန့်အခန်းထဲသို့ဝင်လာခဲ့သည် ။ အခန်းထဲရောက်တော့ စားပွဲမှာ ငြိမ်သက်စွာစာလုပ်နေသောစျာန့်ဘေးက ခုံလွတ်မှာ ပိုး ဝင်ထိုင်လိုက်ပြီး ပါလာသည့်အိတ်ကိုတစ်ဖတ်ခုံပေါ်တင်ကာ စျာန် လုပ်နေသောစာကို တချက်အကဲခတ်ကြည့်လိုက်သည် ။ ဓာတုဗေဒမေးခွန်းဟောင်းတွေတွက်နေတာဖြစ်ပြီး
ဘေးမှာချထားသောအကြမ်းစာအုပ်တစ်အုပ်ကို ယူကြည့်လိုက်သောအခါ ရူပဗေဒမေးခွန်းဟောင်းတွေတွက်ထားတာ အကြမ်းစာအုပ်တစ်အုပ်နှင့်အပြည့် ။ စျာန့်ရဲ့ခုလိုကြိုးကြိုးစားစားလုပ်နေပုံတွေကြောင့် ပိုး အံ့သြရသလို ကျေနပ်ပီတိဖြစ်မိသည် ။ ထိုစဥ် စျာန့်အသံခပ်သြသြကြားကာမှ ပိုး သတိဝင်လာသည် ။

" မောင်တော်တယ်မလားငယ် "

" အင်း တော်တယ် "

ဘောပင်ကိုလက်ကချကာ ခန္ဓာကိုယ်တစ်ခြမ်း ပိုးဘက်လှည့်ကာ မျက်လုံးချင်းဆုံလျက်ပြောနေသော စျာန်ကြောင့် မနေ့ကဖုန်းပြောတဲ့ကိစ္စကိုတောင်သတိရသွားမိသည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Dove le storie prendono vita. Scoprilo ora