သျှား သည် အိပ်ချင်မူးတူးနဲ့ ကိုယ်အနည်းငယ်ဖြင့် ခေါင်းထောင်ကြည့်လိုက်တော့ ပြတင်းပေါက်နံဘေးမှ ဆေးလိပ်ငွေ့များကို မီးအလင်းရောင် မှိန်မှိန်လေးအောက်မှာ တွေ့လိုက်ရ၏။
အရပ်ထောင်"မောင်း"နဲ့ ယောက်ျားဆန်ဆန် ပင်ကိုသဏ္ဌာန်ရှိသော ထိုလူသားက သျှားဘက်ကို ကျောခိုင်းထားကာ အပြင်ဘက်ကို ငေးကြည့်ရင်းနဲ့ လက်ထဲကစီးကရက်လိပ်ကို တစ်ရိူက်ရိူက် ဖွာနေလေ၏။

သူ တစ်စုံတစ်ခုကို စဉ်းစားနေပုံပေါ်သည်။

"အဟမ်း"

ရုတ်တရပ် သျှားက ချောင်းတစ်ချက်ဟန့်လိုက်တော့
ထိုသူက သျှားဘက်ကို လှည့်ကြည့်လာခဲ့၏။

"ကျွန်တော့်ကြောင့် နိုးလာတာလား"

"မဟုတ်ပါဘူး"

"မင်းရော မအိပ်သေးဘူးလား"

"အိပ်မပျော်လို့"

၀လ္လာပုံစံကို ကြည့်ရတာ ပုံမှန်ပြန်ဖြစ်လာတဲ့ ပုံစံပေါ်သည်၊
စကားပြောတာက တည်ကြည်မူ့ရှိသလို မလိုအပ်တဲ့စကားတွေလည်း မပြောတက်ပေ။
သျှား နဲ့ လက်ထပ်ထားတာ ကြာပြီဆိုပေမဲ့
ခုထိ ၀လ္လာ အကြောင်းကိုတော့ သျှား ကောင်းကောင်းမသိသေး။

သူသိတဲ့အရာဆိုလို့ ၀လ္လာသည် စကားအပ်ိုအလိုမပြောတက်ပေ။
အ၀တ်အစားဆိုလည်း ပေါ့"ပါး" ရှိတဲ့ အင်္ကျီ မျိုးကိုသာ
ရွေး၀တ်တက်သည်။
Coluor  တွေထဲမှာဆိုလည်း Rain  Blue, White, Black ထို colourသုံးမျိုး ကိုသာ အများဆုံး ၀တ်လေ့၀တ်ထရှိသည်။
အစားအသောက်ကိုလည်း သိပ်ပြီး ဂျေးမများပေ။
၀က်သားနဲ့ ပုန်းရည် ချက်တဲ့ဟင်းဆို အရမ်းကြိုက်တက်သည်။ ထိုဟင်းချက်တဲ့နေ့ဆို ထမင်းကို သုံးပန်းကန်လောက်ကုန်၏။ ဒီအကြောင်းတွေကို သျှား ဘာလို့တွေးမိလည်းဆိုရင်...
ဒီ အသေးအမွှား ကိစ္စလေးလေးတွေက တစ်ခြားသူတွေအတွက် တော့ ဘာမှ မထူးဆန်းပေမဲ့၊ သျှား တွက်တော့ နှလုံးသားထဲထိကို မှတ်သားထားမိ၏။

အိပ်ရာဇောင်းလေးကို သျှား မှီထိုင်လိုက်ရင်း
သူ့ရှေ့က လူကို မျက်တောင် မခတ်တမ်းစိုက်ကြည့်နေကာ
အတွေးတို့က ဦးနှောက်ထဲမှာ နယ်ချဲ့နေ၏။

{ ချည် } Unde poveștirile trăiesc. Descoperă acum